အပိုင်း(၃၆)(Z&U)

94.5K 11K 696
                                    

အပိုင်း(၃၆)

မှိတ်ထားသည့်မျက်လုံးအစုံထဲတွင် ကမ်းပါးထက်က ရုန်းရင်းဆန်ခတ်မှု၊ သူ့ကိုပွေ့ပိုက်ထားရင်း မျက်ရည်လည်ရွှဲနှင့် မျက်ရည်နုနုလေး၊ တစ်ခါတစ်ခါ သူ ပစ်ပစ်ခါခါပြောလိုက်တိုင်းနာကျင်သွားသည့် မျက်နှာငယ်လေး။ သွားတက်ကလေး ပေါ်အောင်ရယ်ပြတတ်သည့် ထိုကောင်လေး။

နှလုံးသားတစ်ခုလုံး တဆစ်ဆစ်နာကျင်ကိုက်ခဲလာပါသည်။

"နောင်ငယ်-"

ဝမ်းပန်းတနည်းအော်ခေါ်လျက် သူ မျက်လုံးတွေ ပွင့်လာခဲ့သည်။ရင်ဘတ်တစ်ခုလုံးနိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှုလို့တောင် မဝဖြစ်နေ၏။

"ခေါ်ကြ--ဆရာဝန်ကြီးကို မြန်မြန်ခေါ်ကြလေ ဘာလုပ်နေတာလဲ."

ချက်ချင်းပင် သူ့အနားတွင် ရှုပ်ယှက်ခတ်သွားကြသည့်သူများ။တစ်ခဏချင်းပင် ဆရာဝန်ကြီးများရောက်လာစမ်းသပ်ပြီး စိတ်ချရသည့်အနေအထားတစ်ခုတွင်မှ သွယ်တန်းထားသည့်ပိုက်တွေကိုဖြုတ်ပေးသွားကြသည်။မသိစိတ် သိစိတ်ဒွန်တွဲနေရင်း ခုမှ သူ အသိဝင်လာပါတော့သည်။

"သားငယ် ခွန်မင်း--"

"မေမေ."

ငွေမှင်ရောင်ဖျော့ဖျော့ မြန်မာဝမ်းဆက်ဖြင့် အမျိုးသမီးကြီးသည် ခွန်မင်း ၏လက်ကိုကိုင်လျက် မျက်ရည်ဝဲနေ သည်။ တော်သေးတာပေါ့ ဟုလည်း ခဏခဏပြောသည်။ခွန်မင်း မှတ်မိပါသည်။ ဒါက ခွန်မင်း၏ မေမေ ဒေါ်မြတ်သီရိ။မျက်လုံးကို ဝေ့ဝဲကြည့်လိုက်တော့ ခေတ်မီအဆင့်မြင့် VIP ခန်းဟုသိသာစေသည့် ဆေးရုံခန်းတစ်ခုဖြစ်ဟန်တူသည်။

ဒါ လက်ရှိ ၂၁ ရာစု.။

"မေမေ ဒါ ဘယ်နှစ်ခုနှစ်လဲ."

"၂၀၁၉ လေ သားရဲ့။ဖြည်းဖြည်းချင်းစဉ်းစားနော် သိပ်မလောနဲ့။သားငယ် သတိလစ်နေတာ တစ်နှစ်နီးပါးလောက်ရှိနေပြီ.။"

ခွန်မင်း စိတ်တွေရှုပ်ထွေးသွားသည်။ဒါဆို သူ ကြုံတွေ့ခဲ့ရတာတွေက အိပ်မက်လား။ အသင်္ခယာခေတ်က လုံရွာသူကြီးလောင်း ခွန်မင်းဓန ဆိုတာ လက်ရှိ သူပဲဆိုတာကောင်းကောင်းသိသည်။ ခွန်မင်း ဘဝထဲ နောင်ငယ်ဆိုသည့် ကောင်လေး ဝင်လာတာ ကို လည်းရှင်းရှင်းလင်းလင်းမှတ်မိသည်။ အသင်္ခယာမှာကြုံတွေ့ခဲ့သမျှ ခံစားခဲ့ရသမျှက တစ်နှစ်နီးပါးလောက်ရှိတာအမှန်ပင်မို့ သူ့ဝိညာဉ်ကများ ထိုခေတ်ကိုကူးပြောင်းသွားခဲ့သည်လား။သေချာတာကတော့ မည်သည့်ကိစ္စကိုမဆို သူ မကွဲမပြားဖြစ်တာမရှိ အားလုံးရှင်းလင်းနေသည်။ နောက်ဆုံး ကမ်းပါးနားမှာ သူ နောင်ငယ့်ကို ကာကွယ်ကာ မြှားဖြင့် အပစ်ခံခဲ့သည့် ခံစားချက်သည် ပင် လတ်တလောပင်ရှိသေး၏။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now