အပိုင်း(၄၀)
မျိုးမြတ်နှင့် နှင်းကဗျာ က ချစ်သူရည်းစားတွေဖြစ်နေသည်မှာ တစ်နှစ်ပြည့်ပြီမို့ တစ်နှစ်ပြည့်ပွဲလေးကို မျိုးမြတ်က မြို့ပြင်က သူ၏ခြံကျယ်ကြီးတွင်သူငယ်ချင်းအရင်းတွေနှင့်ပဲ ပျော်ပွဲစားလေးသဖွယ်ကျင်းပပေးသည်။မျိုးမြတ်က နှင်းကဗျာနှင့်အတူ သင်တန်းတွေလိုက်တက်နေပေမယ့် သူ့အဖေကုမ္ပဏီမှာလည်းအလုပ်ဝင်နေပြီဖြစ်သည်။အဘိုးဖြစ်သူက အမွေပေးခဲ့သည် ခြံကျယ်ကြီးကလည်း သိန်းထောင်ချီမကတန်လေတော့ နှင်းကဗျာ အား သူဌေးကတော် ဟု အမြဲနောက်ပြောင်လေ့ရှိကြသေး သည်။
"ကဗျာ ဟိုတစ်နေ့က ကျောင်းမှာနောင်ငယ့်ကိုသွားတွေ့တုန်းကလေ ကန်တင်းမှာတွေ့ခဲ့တဲ့ ကောင်လေးကို မှတ်မိလား ။ ပုပုသေးသေးနဲ့ ဆံပင်ကောက်ကောက်လေးနဲ့လေ။ချစ်စရာလေးနော်.။ငါအိမ်ပြန်ရောက်တဲ့အထိ သူ့ကိုမြင်ယောင်တုန်း။"
"သေမယ်နော်.မျိုးမြတ်.။အဲ့ဒါ သင်္ချာက Cute Prince ဟဲ့.။သူ့မှာ သူ့ကောင်လေးရှိတယ်။ E Major က ကင်း လေ.။သူများချစ်ခြင်းကိုခွဲဖို့မကြိုးစားနော်.။နင် လိုချင်ရင် ငါ့ကိုပြော.ငါ့ကိုယ်တိုင်ရှာပေးမယ်။အေး-ငါနဲ့တွဲနေလျက်သားနဲ့ယောက်ျားမိန်းမ ဘယ်သူမဆို တိတ်တိတ်လေးခိုးတွဲလို့ကတော့ နင့်ကို ငါကိုယ်တိုင်သတ်မှာနော်.။လိုချင်အေးဆေးပြော-"
နှင်းကဗျာ သည် သူမကို ကျော်ကာ ဟိုကောင်ငယ်လေးကို မြင်ယောင်နေသည်ကို စိတ်ဆိုးပုံမရဘဲ သူများချစ်ခြင်းခွဲဖို့မကြံရန် ပြောရင်းစိတ်ဆိုးနေပုံ့ရသည်။ မျိုးမြတ် တဟားဟားအော်ရယ်ကာ နှင်းကဗျာ ကိုသိုင်းဖက်လိုက်သည်။ဒီကောင်မလေးကို အဲ့ဒါတွေကြောင့် သူချစ်တာ။
"ရယ်နေတာ ။တော်တော်ဖြစ်နေ သိလား။ တော်ကြာ နောင်ငယ့်ကိုယောက်ျားရမယ် ပြောနေတဲ့ မင်းက နှင်းကဗျာနဲ့မရဘဲ ယောကျာ်းတကယ်ရနေမယ်။"
ဇေယျာက ဝင်ပြောတော့ မျိုးမြတ်မှ လွဲ၍ အားလုံးဝိုင်းရယ်ကြတော့သည်။
"ဘာတွေရယ်နေကြတာလဲ.။"
နှင်းကဗျာက ခွန်မင်းကိုပါ ခေါ်လာခဲ့ရန် ပြောထားသဖြင့် နောင်ငယ် ခေါ်လာခဲ့ပြီး ခြံထဲတွင် လိုက်ပတ်ပြနေခြင်းဖြစ်သည်။ အမြဲလိုလို သန့်ပြန့်ကာလူကြီးလူကောင်းဆန်လှသည့် ခွန်မင်းကို သူတို့သူငယ်ချင်းတစ်သိုက်က နှစ်လိုသည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~