ဆေးဆရာ လာကြည့်ပေးပြီးသွားသည့် ညနေတစ်ပိုင်းလုံး တငိုငိုတရယ်ရယ်နှင့် ထိုကောင်သေးလေးသည် ခုတော့ဖြင့် ခွန်မင်းတို့ အိမ်ခန်းနောက်ဖက် ထမင်းဝိုင်းပြင်ဆင်နေသည့်နေရာကို အိမ်မတံခါးဝကနေ ပြူတစ်ကာချောင်းကြည့်နေပါသည်။ သစ်သားခုံတန်းရှည်တွင် ဦးရီးနှင့်အတူ ကျေးရွာ လုံခြုံရေးကိစ္စတစ်ချို့ဆွေးနွေးနေပါသော ခွန်မင်းက ဖြတ်ခနဲလှည့်အကြည့် သူ့ကိုသတိထားမိခြင်းဖြစ်သည်။
“ဟေ့-နောက်က မိနွယ် တို့ ဟင်းထမင်းက မရသေးဘူးလား.။ဒီမှာကလေးငယ် ဆာနေရော့ပြီ.”
ဦးရီး၏လှမ်းဆော်အော်လိုက်သံတွင် နောင်ငယ် မျက်လုံးလေးတွေလက်ခနဲဖြစ်သွားသည်.။အမှန်လည်းသူ ဗိုက်ဆာနေပါပြီ.။မည်မျှပင် အိမ်ပြန်ချင်၍ ငိုငို နောင်ငယ်သည် အစာအိမ်ရှိသော လူသားတစ်ယောက်ပေမို့ ဗိုက်ဆာသည့်ဒဏ် ကိုမခံနိုင်.။နဂိုကတည်းကမှ စိတ်အကြာကြီးညစ်နေတတ်သည့်အမျိုးထဲမပါသည်ကြောင့် ကံစီမံရာ ဒီရောက်လာတော့လည်း အတွေ့အကြုံသစ်ရသည်ပဲ မှတ်လိုက်ရတော့မည်ပေါ့။
“ရပါပြီ ဦးရီးတို့ရော စားတော့မည်ပ.”
“မဆာသေးရော့။ကဲ ခွန်မင်း ထမင်းစားဖို့ခေါ်သွားပေးလိုက်ပါကွယ်.”
ခွန်မင်းခေါင်းညိတ်ပြကာ တံခါးဝနားက ကောင်လေးကို လက်လှမ်းခေါ်လိုက်သည်.။လှစ်ခနဲနေအောင်ပြေးလာပါသည်။ ခွန်မင်း၏ ၀တ်စုံတွေကိုပေးဝတ်ထားသည်မို့လူကောင်သေးသည့်ကောင်လေး သည် ဘောင်းဘီလုံချည်ကို ပုံကျနေသလိုတောင် ဖြစ်နေသည်.။ပြီးတော့ ခွန်မင်းတို့လိုလည်းသျှောင်ထုံး မရှိ.။နဖူးပေါ်အုပ်နေသည့် ဆံပင်ဘုတ်သိုက်လေး နှင့် ဖြစ်သည်။ပုံစံ က ဖြူဖြူဥဥလေးလည်းဖြစ်သည်.။ ခွန်မင်းကတော့ ဤအသွင်မျိုးကို မနှစ်သက်.။ယောကျာ်းပီပီ အားအင်ဗလနှင့် တည်ငြိမ်ခြင်းမျိုးကိုသာ နှစ်လိုသူဖြစ်သည်။
ထမင်းစားခန်းထိ ဦးဆောင်ခေါ်သွားလေတော့ မိနွယ်တို့အသင့်ပြင်ပေးထားသည့် ထမင်းဟင်းတွေက စောင့်နေသည်။
“မောင်ကြီးခွန်မင်း ရော စားတော့မည်လား.”
“တစ်ခါတည်းစားလိုက်မယ်.ဆာနေပြီပ...”
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~