"ဟို--မနေ့ကလေ ခင်နုက ကျူပ်တို့ဘေးအိမ်က မိဇာတို့အိမ်ကိုလာတာပ။ဆိုတော့ ကျူပ် ရွာထိပ်ဘက်သွားစရာကြုံလေတာနဲ့ အတူလျှောက်လာရော့တာ.။"
သီဟ ကဘေးတွင် ရပ်လျက် တတွတ်တွတ်ပြောသော်ငြား လှသူဇာသည် ဆေးလက်စ ဟင်းရွက်ကိုသာ ဇကာလေးဖြင့် နာနာစစ်လျက် အရေးမလုပ်သေး။ဒီလိုကြီးတော့ဖြင့် သီဟ မနေတတ်။ သူမ နှင့် အဖြစ်က ဆုံစည်းရန်ဝေးဆိုသော်လည်း မျက်နှာတစ်ချက်ညှိုးရင်တောင် သီဟ ပြာပြာသလဲ ချော့ချင်ပါသည်။ ပြီးတော့  ဖြစ်နိုင်လျှင် လုံရွာ၏ သူကြီးလောင်းသည် ခွန်မင်း မဟုတ်ဘဲ သီဟဖြစ်လာနိုင်လျှင်လည်းကောင်းမည်ဟု သူ မလျော်ကန်စွာတွေးမိဖူးပါသည်။သို့မဟုတ် လှသူဇာက လုံရွာကွမ်းတောင်ကိုင် မဟုတ်လျှင်လည်း အကောင်းသားဟု ရူးရူးမိုက်မိုက်တွေ လျှောက်တွေးခဲ့ဖူးပါသည်။
"သူဇာ-"
"အဘယ်လို့ လာရှင်းပြနေရော့လဲ အမောင်သီဟ။ သူဇာ နဲ့ဘယ်လိုသက်ဆိုင်သမို့လဲ။ "
"သို့ပေမယ့် သူဇာ စိတ်ဆိုးနေရော့တယ်လို့ကျူပ် ဘာလို့ထင်မိနေသလဲ."
"သူဇာ မသိ ပ။"
ဇကာလေးကိုင်လျက် လှည့်ထွက်တော့မည့် သူဇာ့ လက်ကလေးကို လှမ်းဆွဲလိုက်သည်။ သူဇာသည် အိမ်ထဲတွင်ရှိနေသည့် အဘ ကို တစ်ချက် လှမ်းကြည့်မိသေးသည်။ ပြီးတော့မှ သီဟ ကို မျက်စောင်းရွယ်သည်။
"စိမ်းစိမ်းကားကားမလုပ်ပါနဲ့ သူဇာ။ ဘယ်လိုဆိုဆို ကျူပ်တို့က ရင်းနှီးတဲ့ ဆက်ဆံရေးပေပဲမဟုတ်လေလား။ကျူပ် သူဇာနဲ့ စိမ်းစိမ်းကားကား မနေနိုင်ပ-"
ခခယယ မျက်ဝန်းညိုတို့ကြောင့် သီဟ မမြင်အောင် သူဇာ လှစ်ခနဲပြုံးလိုက်မိသေးသည်။တရားဝင် စိတ်ဆိုးပိုင်ခွင့်မရှိသည့် ဘဝမှာ သူ ဒီလို လာချော့နေတာကိုက သူဇာ့ကို အရေးပေးထားမှန်းသိသင့်သည်မဟုတ်ပါလား။ သူမ သည်လည်း အလွန်အကျွံ စိတ်ဆိုးပူလောင်နေတတ်သည့် သဘာဝ မဟုတ်လေတော့ သူမ လက်ကိုကိုင်ထားသည့် သီဟထံမှ အသာလေးရုန်းထွက်လိုက်ကာ--
"ထားပရှင်.။စကားကအတော်တတ်သား။ ကဲ--လာ--နေ့လည်စာ ချက်တော့မှာပဆို လာကူလုပ်ချေ.ဒီနေ့ယာခင်းမဆင်းဘူးမလား။"
![](https://img.wattpad.com/cover/181509289-288-k848543.jpg)
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~