Extra-8
မျက်ကွင်းလေးတွေ အနည်းငယ်ညိုနေလျက် နောင်ငယ့်ကိုကြည့်ကာ ဦးမင်းမြတ် မျက်မှောင်ကုတ်သည်။ နောင်ငယ့်သင်တန်း ရှေ့နားက အသိတစ်ယောက်ဆီလာရင်း အမှတ်မထင်တွေ့တာမို့ နေ့လည်စာ စားရအောင် ခေါ်လာခဲ့ခြင်းဖြစ်သည်။ဂျပန်ရိုးရာ သီးသန့်ဆိုင်ကလေးက သပ်သပ်ရပ်ရပ်နှင့်စားချင်စဖွယ်လေးဖြစ်ပေမယ့် ချလာပေးသည့်စားစရာတွေကို နောင်ငယ် ကစိတ်ဝင်စားပုံမရ။ မနေ့ညက သမီးဖြစ်သူ ပြောသည့်အကြောင်းကိုပြန်တွေးမိသွားသည်။
“ခွန်မင်းမြတ်က အကြီးဖြစ်ပြီးကလေးကို ဒီလိုကောက်နေစရာလား။ဒါ ဘာစိတ်ဆိုးစရာရှိလို့လဲ။သူ့သစ္စာကိုစမ်းစစ်တာ ပိုယုံကြည်စရာကောင်းမှန်းတစ်ဖက်ကသိပြီး ပိုချစ်လာမယ်ဟာကို။ပြီးတော့ ဒီကိစ္စက ဖေဖေ လည်းပါနေတာလေ။ သူပိုင်အောင် ကို ခွန်မင်းနားရောက်အောင် ဖေဖေ လည်းလမ်းခင်းပေးခဲ့တာကို။ဒါလေး လုပ်ကြည့်တာကို ဘာဖြစ်နေတာမှန်းမသိဘူး။ ဖေဖေ သွားပြောပြလိုက်မယ်နော် နောင်ငယ်။”
“ဟင့်အင်း မပြောပါနဲ့ဖေဖေ ။ဖေဖေ ပြောလို့ သား ကို နားလည်ပေးလိုက်တာမျိုး မလိုချင်ဘူး။ သားကိုချစ်တယ်ဆို သူ့စိတ်နဲ့ပဲ နားလည်ပါစေ။”
နောင်ငယ် က အရင်ကတည်းက ခွန်မင်းမှ မဟုတ်လျှင် တခြားသူက ခွန်မင်းကို သူ့အတွက်ပြောပေးလက်ခံစေတာမျိုး နှစ်သက် ခဲ့သူမဟုတ်။ ခွန်မင်းမှ မဟုတ်လျှင် ခွန်မင်းနှင့်ပတ်သက်သည့်သူတွေကို အားကိုဆက်နွယ်ခဲ့ဖူးသူမဟုတ်။ ခေါင်းလေး သာ ခါယမ်းလိုက်မိသည်။
ပြီးတော့ ဒီနေ့ နောင်ငယ် စိတ်အတော်လေး ပင်ပန်းနေပါသည်။ မင်္ဂလာသက်တမ်းခြောက်လပြည့်ကို ခွန်မင်းက လျစ်လျူရှု နေခဲ့၏။“ဘာလို့မျက်ကွင်းတွေညိုနေတာလဲ။ညက မအိပ်ဘူးလား။”
“အိပ်မပျော်ဘူးဖြစ်နေတာ ဟိုတွေးဒီတွေးနဲ့ ။သား ဒီညတော့ သေချာအိပ်ပျော်အောင် အိပ်လိုက်ပါမယ် စိတ်မပူပါနဲ့နော်။စားလေ ဖေဖေ စားပြီးရင် သားတို့ပြန်ကြရအောင်။သား အသင့်ရုံးကို ခဏလိုက်သွားလိုက်မယ်။ သူ့ ကိုချော့လိုက်မယ် ဟီး”
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~