အပိုင်း(၁၃)(Z&U)

100K 11.1K 768
                                    

လှသူဇာ၏ ခြံထဲရှိ မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်တွင် သီဟနှင့်နောင်ငယ် တင်ပုလ္လင်ခွေထိုင်နေကြသည်။ လှသူဇာက လက်ဖက်ထည့်ထားသည့် ယွန်းအုပ်လေးကို သယ်လာပေးသည်။

“ဆိုစမ်းပါ့ကွယ်။မောင်ငယ် အဘယ်ကြောင့် မျက်စလည်လာပ.”

“ဟီး  အကိုသီဟ က အိမ်ကိုလာတုန်း အခွင့်ကြုံတာနဲ့ မမဆီလိုက်ပို့ခိုင်းလိုက်တာ။ကျွန်တော် တစ်ခါမှ မမအိမ်မရောက်ဖူးသေးဘူးဆိုတော့”

နောင်ငယ်က လှသူဇာ ချပေးသည့် လက်ဖက်အုပ်ကို သာစိတ်ဝင်စားနေသည်။မျက်နှာရှင်းရှင်းကြည်ကြည် နီညိုရောင်ရင်ခံကို အနီကွက် ရင်ဖုံးလေးခံဝတ်ထားကာ လှပနေသည့် လှသူဇာကို သီဟ ခိုးကြည့်သည်။ဟိုတစ်ခေါက်က  စိတ်ဆိုးသွားပေမယ့် အတေးအမှတ်သိပ်မကြီးသည့် လှသူဇာနှင့် မကြာခင်မှာပဲ ပြန်လည်သင့်မြတ်သွားခြင်းဖြစ်သည်။

“အမောင်သီဟ စားရော့လေ။ ကြက်သွန်ဖြူလေးတွေပါ သေချာနွှာထားပေးပ.”

သီဟ က ကြက်သွန်ဖြူကြိုက်သည်မို့ လှသူဇာ ဂရုတစိုက်လုပ်ပေးထားသည်ကို မြင်တော့ အလိုလိုကြည်နူးမိသေးသည်။ ဘယ်လောက်ပင် နီးချင်မိပေမယ့် တားထားသည့်စည်းကိုမြင်ယောင်လျှင် ရင်ဘတ်တွေအောင့်သည်အထိ ကြေကွဲရမြဲကို ချစ်ရသူတော့သိအံ့မထင်။

“ကျေးဇူးပ သူဇာ။”

“အကိုသီဟကလည်း အချင်းချင်းတွေပဲကို ဘာကိုကျေးဇူးလဲ.။နော့ မမ. ဒီလောက်ရင်းနှီးကြသူချင်း”

အကြော်ဆံကို တကျွတ်ကျွတ်ဝါးရင်းနောင်ငယ်က လှသူဇာဘက်လှည့်ပြောတော့ သူမ ယောင်တောင်တောင်နှင့်ခေါင်းညိတ် ပြသည်။အချင်းချင်း မပွင့်တပွင့်လုပ်နေသည်မှာ နောင်ငယ် အူယားလွန်းလှပါသည်။နောင်ရိုးငယ် တစ်ယောက် သေချာပေါက် ထိုစုံတွဲကို ပေါင်းဖက်နိုင်အောင် လုပ်ပေးချင်မိသည်။အပိုတွေပဲ ဆိုဆို ကိုယ့်ရာစုကိုြ ပန်မေ၇ာက်ခင် အသင်္ခယာတွင် ကောင်းမှု တစ်ခုတော့ပြုသင့်ခဲ့သည်မဟုတ်ပါလား။

“သူဇာ”

“အယ်  မယ်မဒီ လာထိုင်ဦးပ-”

ခြံဝန်းထဲသို့ ၀င်လာသည့် မယ်မဒီသည် မျက်နှာချေပါးပါးဖြင့် မျက်နှာလေးကမှုံညက်ကာ လှပနေသည်။မြို့တွင်အနေကြာခဲ့ သည့် သူမက မြို့သဘောနှင့် လှသွေးကြွယ်လာသည်မှာတော့ငြင်းစရာမရှိ။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now