အပိုင်း(၁၁)(Z&U)

107K 11.5K 1.5K
                                    

ဦးရီးနှင့်မိနွယ်တို့ သည် တစ်ပတ်တောင်မပြည့်ပါ။ အိမ်ပြန်ရောက်ရှိလာသည်။ခြံထဲဝင်လာသည့် ဦးရီးလက်ထဲမှ ထန်းခေါက်ဖာ လေးကို နောင်ငယ် ပြေးသယ်လေတော့ ဦးရီးက ချစ်စနိုးဖြင့် ပြုံးပြသည်။မိနွယ်ကတော့ နောင်ငယ့်ကို သွားတွေပေါ်အောင်ပြုံးပြ ပြီးမှ အိမ်ထဲအရင်ဝင်သွားသည်။

"အဆင်ပြေနေရော့ထင် ကလေးငယ်။ မျက်နှာလေးကို ပြည့်လာပေစွ."

နောင်ငယ်က ဟီးခနဲရယ်ပြသည်။ ဟိုတစ်ညကတည်းက နောင်ငယ်၏ အစားအသောက်ကို ခွန်မင်းကအထူးတလည် ဂရုစိုက် ပေးကာ စားချိန်သောက်ချိန် မှန်စေသည်ကြောင့် မျက်နှာလေး က အသင်္ခယာရောက်ပြီး ပထမဆုံးအနေဖြင့် ပြည့်လာခြင်း ဖြစ်သည်။

"မပြည့်ရှိရောလား ဦးရီး.။ချက်ပေးသမျှ စားပ။နေ့ခင်းချိန်လည်းအိပ်စက်။များမကြာခင် ကိုယ်လေးပါပြည့်လာရော့တယ်။"

ခွန်မင်းက အိမ်ပေါက်ဝနားထိလှမ်းလာသော ဦးရီးကိုလှမ်းနှုတ်ဆက်ရင်း နောင်ငယ့်ထံမှ ထန်းခေါက်ဖာလေးကိုလွှဲပြောင်းယူ လိုက်သည်။ဦးရီးကတော့ နှစ်ယောက်သားအဆင်ပြေနေပုံကိုကြည့်ကာ သဘောတကျရှိနေ၏။ ခွန်မင်း က ရင်းနှီးလွယ်သည့် စရိုက်မဟုတ်သည်ကြောင့် မိမိတို့အိမ်လာနေသည့် ကလေးငယ်ကို အဆင်ပြေအောင်မဆက်ဆံတတ်လျှင် ကလေးငယ် စိတ်အားငယ်မည်စိုးနေသည်မှာ ခုကြည့်တော့ အခက်အခဲရှိပုံမရပါလေ။

"ဘယ်နှယ့်ကြောင့် အစောကြီးပြန်လာဖြစ်ရော့ ဦးရီး။တစ်ပတ်လောက်ကြာဦးမည်ဆိုခဲ့ပလား။"

"အိမ်း--မိနွယ်က သူ့အမျိုးတွေနဲ့ အလွမ်းသယ်လို့ဝသပလေ.။အိမ်ပြန်လာချင်ရော.တဲ့။ ကဲ ဗိုက်လည်းဆာပ.။ဘာချက်ထားလဲ ခွန်မင်း"

ဦးရီးက လက်ဖက်ရည်ကြမ်းပန်းကန်လေးကို ကိုင်သောက်ပြီးမှ စကားဆိုသည်။နောင်ငယ်ကတော့ ဦးရီဘေး ထိုင်ကာ တခြားရွာက အတွေ့အကြုံတွေကို မျှော်လင့်နေဟန်။

"ချဉ်ပေါင်ချဉ်စပ်လေး ချက်ထားတယ်ပ "

"အသင် !"

ခွန်မင်းဘက်လှည့်ကာ သံရှည်ဆွဲခေါ်ညည်းညူတော့ ခွန်မင်း မျက်နှာ ပြုံးစစဖြစ်သွားသည်ကို အမြန်ပြန်ထိန်းလိုက်သည်။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now