အပိုင်း(၃၉)(Z&U)

97.7K 11K 483
                                    

အပိုင်း(၃၉)

ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ခါးတွင် တဘက်အဖြူကို ပတ်လျက် ခေါင်းကိုလည်း နောက်ထပ်တစ်ဘက်တစ်ထည်ဖြင့် သုတ်နေလိုက်သည်။ အိပ်ရာပေါ်တွင် ပစ်တင်ထားသည့် ဖုန်းလေးထံမှ အသံမြည်လာသည်ကြောင့် အရင်ကောက်ကိုင်လိုက် သည်။ခေါ်ဆိုသူ နံပါတ်ကိုမြင်တော့ မသိလိုက်ပါဘဲ နောင်ငယ် ပြုံးမိသွားသည်။သူ ကတော့ ရိုးရိုးရှင်းရှင်းပင် အကိုခွန်မင်းမြတ် ဟုသာ မှတ်ထားလိုက်ခြင်းဖြစ်သည်။

# ဟုတ် အကို ပြောပါ #

*ခေါင်းမူးတာသက်သာသွားပြီလားဟင် .ထမင်းရောစားပြီးပြီလား။ ဆေးရောသောက်လား.*

# အဟွန်း ဘာမှမဖြစ်တော့ပါဘူး။ ညနေစာက ခဏနေစားမယ်။ ခုမှရေချိုးပြီးတာ.#

*ဟာ ဒါဆို ညနေစာ စားပြီးရင် ဆေးတစ်ခုခု သောက်ပါနော်.။ကိုယ်စိတ်ပူလို့ မင်းက အမြဲတမ်းဆေးဆို ခိုးပြီး လွှင့်ပစ်ချင်တာ။ခါတိုင်းက အတူနေလို့ အတင်းတိုက်လို့ရသေးတယ်။ခုက- *

တစ်ဖက် က ခဏမျှ တိတ်ဆိတ်သွားသည့်လေထုတွင် နောင်ငယ့်ကို အဆမတန်လွမ်းဆွတ်နေမှုများပါသည်ဟု ခံစားနေမိရသည်။သူ ပြောသည့် အကြောင်းအရာတွေက တကယ်ပဲလားဟုတောင် နောင်ငယ် ထင်မှတ်မှားမိချင်လာသည်။

# အင်း ကျွန်တော် ထမင်းစားပြီးတာနဲ့သေချာပေါက် ဆေးသောက်ပြီး ညလည်းစောစောနားလိုက်မယ် အိုခေ.စိတ်မပူနဲ့တော့

*လိမ္မာတယ်။ဒါဆို ထမင်းစားတော့နော် ကိုယ် ဖုန်းချလိုက်တော့မယ်။သြော် နောင်ငယ် *

တစ်ဖက်ကခွန်မင်း၏ အသက်ရှုသံသဲ့သဲ့ကို ကြားတော့ အင်း ဟု စကားထောက်ပေးလိုက်သည်။

*ချစ်တယ် *

ထိုစကားသံနူးနူးညံ့ညံ့သည် နောင်ငယ့် ခန္ဓာကိုယ်တစ်ခုလုံးကိုပျံ့နှံ့သွားသည်။သွေးကြောတစ်ခုချင်းစီထဲ ပူရှိန်းရှိန်းဖြင့် နှလုံးသားတစ်ခုလုံးလည်းပူနွေးလာရသည်။နောက်ပြီး ခပ်သိမ့်သိမ့်လေး ပြေးသည့် ရင်ခုန်သံသည် နောင်ငယ့် ထံမှာ ဟုတ်ရဲ့လားတောင် သံသယဖြစ်မိသည်။

ဒီစကားလေးတစ်ခွန်းအတွက်.။

မမြင်ရသည့် ချည်နှောင်မှုတစ်မျိုးသည် စိတ်ကိုနင့်နင့်သည်းသည်းရစ်ပတ်လေကာ သူ့ကို ခုချက်ချင်းပင် နောင်ငယ် တွေ့ချင် လာမိပါသည်။ပြီးတော့ သူ့အပေါ် ပိုင်စိုးပိုင်နင်း အပြုအမူသည် နောင်ငယ်နှင့် အသားပင်ကျနေသလို။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now