မိုးကားစုန်းစုန်းချူပ်ခဲ့လေပြီ။ ဦးရီး အခန်းကမီးအိမ်လေးလည်းအလင်းမဲ့နေပြီဖြစ်သလို မိနွယ်အခန်းကတော့ ခုနကမှ မီးငြိမ်း သွားခဲ့သည်။ တစ်ခါတစ်လေ အလုပ်များပြီးနောက်ကျတတ်တာမို့မပူပန်ဘဲ အိပ်လိုက်ဖို့ ဦးရီးကတော့ ပြောပေမယ့် နောင်ငယ် ကိုယ့်ဝမ်းနာ ကိုယ်သာသိလေသည်။ခွန်မင်း ပြန်မလာသေးသည့်အလျောက် နောင်ငယ် အဘယ်မှာ စိတ်အေးလက်အေး အိပ် ပျော်နိုင်အံ့။ မီးအိမ်ငယ်ကို စားပွဲဝိုင်းအသေးလေးပေါ်တင်ထားကာ လရောင်အောက်က ခြံဝင်းတံခါးဝကိုသာ တမျှော်မျှော်ကြည့် နေမိပါသည်။
စိတ်ပူပါသည်။
သူ့ကိုယ့်ကိုဘယ်လိုတွေသတ်မှတ်စွပ်စွဲခဲ့ပေမယ့် သူတို့ခေတ်မှာ ဖြစ်ခဲလေသည့်ကိစ္စမို့ သူ လက်မခံနိုင်တာကို နောင်ငယ် နား လည်သည်။ ပြီးတော့ ရှက်ပြီးတစ်ခုခုလုပ်ပစ်လိုက်မှာကိုလည်းစိုးရိမ်သည်။နောင်ငယ်က ချစ်ရတဲ့သူမလား။
"ဟင်--အသင်-"
ခြံတံခါးဝလေးနားကလှစ်ခနဲအရိပ်မြင်တာနှင့် အသည်းအသန်ပြေးလို့မရသေးသည့် ခြေထောက်အခြေအနေကို မေ့ကာ ပြေး သွားမိ သေးသည်။ တစ်ခါကလရောင်အောက်မှာ ခွန်မင်း က နောင်ငယ့်ကိုနှစ်သိမ့်ပေးခဲ့ဖူးသည်များမှာ အတိတ်ကဲ့သို့ပင်။ လက်ရှိ ခွန်မင်းဓန သည် မှုန်ပြပြလရောင်အောက်မှာပင် မျက်နှာကတည်တင်းမာနေသည်။
"အသင်--"
ခွန်မင်း က သူ့ကိုရှိသည်ဟုတောင်သဘောမထားပါ။ ခြံတံခါးစေ့ပိတ်လျက် အိမ်ထဲကိုသာ ဦးတည်သည်။နောင်ငယ်သည် သခင့်အပါးက မခွါနိုင်သည့် ခွေးပေါက်ငယ်ကလေးလို နောက်ကတကောက်ကောက်လိုက်သည်။
"အသင် ပြောသလို အသင်ပေးတဲ့ဂရုစိုက်မှုတွေကိုလည်း မဟုတ်မှန်တဲ့စိတ်နဲ့လက်ခံယူနေခဲ့တာမဟုတ်ပါဘူး အသင်။ကျွန်တော် သဘောကျရင်ခုန်ရုံလေးပါ.။တခြား ဘာမှ မဟုတ်တာမတွေးပါဘူး အသင် ရယ်.."
"ကျူပ် မင်း မျက်နှာ မတွေ့ချင်တာမို့ ညဥ့်နက်လေမှ ပြန်လာတာကိုတောင် အလိုက်မသိပေးချင်သပလား နောင်ငယ်.။တကယ်ကို ကျူပ်ကိုစိတ်အနှောင့်အယှက်ပေးနေတာပ."
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~