အပိုင်း (၁၅)(Z&U)

102K 12.4K 606
                                    

“နောင်ငယ်.. ဝါးခုတ်တယ်ဆိုတာက အတော်ပင်ပန်းပ.. နေခဲ့ပါလေ့.နောင်ကြီးခွန်မင်းသိသပဆို ကျူပ်တို့ အဆူခံရပတော်.”

“ဘာမှမဖြစ်ပါဘူး။အသင်က ဒီမနက်ဦးရီးတို့လူကြီးတွေနဲ့အစည်းအဝေးလုပ်တဲ့ပွဲမှာ နားထောင်နေတယ်။သိလည်းဘာမှမဖြစ်ပါဘူး။ကျွန်တော်က ကလေးမှ မဟုတ်တာ.။ပိုက်ဆံရှာတာပဲကိုး.။ပြီးတော့ ဝါးခုတ်ရင် ပိုက်ဆံရတယ်မလားဟင်.”

နောင်ငယ့် မျက်နှာလေးက အတင်းကိုစိတ်အားထက်သန်နေသည်မို့ မိကျေးဥ တို့ အတင်းလည် နှင်မလွှတ်ရဲ။မလွှတ်ရဲဆို သူမတို့ ထွက်လာသည့် ရွာပြင်ဘက်ထိတောင် နောင်ငယ်ကပါလာပြီဖြစ်သည်။

“အောင်စမ်းတို့က ဝါးခုတ်ရော့မယ်.။ကျူပ်တို့ကတော့ မျှစ်ချိုးပ. နောင်ငယ် ဝါးခုတ်မယ်ချည်းမဆိုဘဲ မျှစ်ဘဲချိုးပလား.။အဲ့ဒါလည်းငွေရပ”

“အင်း ဝါးခုတ်တာက အရမ်းခက်ရင် ကျွန်တော် မျှစ်ပဲချိုးပါ့မယ်။ပိုက်ဆံရတယ်နော့်”

“ရပ.။သို့ပေမယ့် နောင်ငယ် ပြည့်စုံတယ်ထင်။ငွေ အရေးတကြီးလိုအပ်လို့များလားပ.။ နောင်ကြီးခွန်မင်းဆီ ပြောလို့ရတာပလေ။”

နောင်ငယ် ကခေါင်းတွင်တွင်ခါနေသည်ကြောင့် အောင်စမ်းက မိကျေးဥကို စကားမဆက်ရန်လက်တို့သည်။ အောင်စမ်းတို့ ကာလသားအုပ်စုရယ် မိကျေးဥတို့ မိန်းမပျိုတစ်ချို့ရယ်နှင့် နောင်ငယ် လိုက်ပါလာခဲ့သည်။သူ့အနေဖြင့် မျှစ်ချိုးရန်ထက် ငွေပိုရသည့် ဝါးသာခုတ်လိုသည်။
ရွာပြင်ဘက် တောသည် အနည်းငယ်တော့နက်သည်။ ဟိုးအနက်ပိုင်းထိတော့ဖြင့် အောင်စမ်းတို့အုပ်စုတွေက မသွား။ ရွာနီးစပ်ဘက်တွင်ပင် ဝါးပင်ရှိသည့်နေရာများ၌ စတည်းချသည်။ မျှစ်စို့တွေများကလည်းဟိုတစ်ခု သည်တစ်ခုပေါများလှ ပေသည်။

“အကို အောင်စမ်း--ပေး ပေးကျွန်တော်အဲ့ဒါခုတ်မယ်”

“ဝါးခုတ်ပြီးစဆို ပြတ်ရှတတ်ပ နောင်ငယ်။သတိထားရော့နော့”

“ဟုတ်ကဲ့ပါ.။ဒီလောက်တော့ကျွန်တော်လည်းရပါတယ်ဗျ.”

သိပ်မတတ်ကျွမ်းပေမယ့် နောင်ငယ် တကယ်ကိုစိတ်ပါလက်ပါ လုပ်ကိုင်နေသည်။ သူများခုတ်တာကိုကြည့်သည်။ ပြီးတော့ ပြန်လုပ်သည်။ တစ်နေ့လုံး အဆင်ပြေပြေပဲဖြစ်သည်။ လက်ဖျံတွင်ရှရာ ခြစ်ရာတွေတော့ အနည်းငယ်ရှိနေတာ အကြောင်း မဟုတ်.။ပြီးတော့ မနေ့ညနေ ရွာလမ်းတွင် မယ်မဒီနှင့်တွေ့စဉ်က သူမပြောသွားခဲ့သည်ကလည်း အလွန်တော့မဟုတ်ပါလေ။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now