တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မောကျခဲ့သောကြောင့် မနက်နိုးလာချိန်တွင် နောင်ငယ် သည် အိပ်ရေးဝဝဖြင့် လန်းဆန်းတက်ကြွ နေသည်။ အတူယှဉ်တွဲအိပ်သည့် ခွန်မင်းက နောင်ငယ့်ကို စောင်ပါးလေးသေချာခြုံပေးသည့်ထိပဲ မှတ်မိတော့သည်။ဒီလိုပါပဲ။ နောင်ငယ် က သူ့အနားရှိရင် လုံးဝလုံခြုံစိတ်ချနေမိတော့တာပါပဲ။
“နောင်ငယ် လိုတာရှိရင် ပြောရော့.။အဆင်ပြေအောင်တော့ ကျူပ်စီစဉ်ပေးတယ်ဆိုပေမယ့် နောင်ငယ် သဘောမတွေ့မှာစိုးလှတယ်။”
ကော်ဇောမွှေးပွခင်းထားသည့်နေရာတွင် စားပွဲဝိုင်းပုလေးဖြင့် မနက်စာ ပြင်ပေးသည့် စံရက ဘေးနားကနေ လိုရာလုပ်ပေးနေ သေးသည်။စံရသည် နောင်ငယ်ထက်တော့ အနည်းငယ်အသက်ပိုကြီးမည်ဟုယူဆရကာ ခွန်မင်း ထက်တော့ ငယ်ပေလိမ့်မည်။ မျက်နှာကြည်ကြည်နှင့် စိတ်နှလုံးကောင်းရှိဟန်က စံရ မျက်နှာထက်တွင် ထင်ဟပ်နေသည်။
“ရပါတယ် အကိုစံရ .ဘာမှမလိုပါဘူး။ အရမ်းစားလို့ကောင်းတယ်။ ဒါနဲ့ အသင်က ဘယ်အချိန်ကတည်းက မြို့ထဲရောက်သွားခဲ့တာလဲဟင်”
“နောင်ကြီးခွန်မင်း က လာလက်စနဲ့ အထည်ကုန်သည်တစ်ချို့နဲ့ပါ တွေ့လိုက်မယ်လို့ဆိုသပ။ညနေခင်းမတိုင်မီ ပြန်ရောက်ကောင်းပ.”
နောင်ငယ် ခေါင်းတညိတ်ညိတ်နှင့်သာ စားလက်စ ထမင်းပဲပြုတ်ပူပူလေးကို အာရုံစိုက်စားနေလိုက်သည်။ တစ်နေ့လုံးတော့ဖြင့် နောင်ငယ် ဒီအိမ်ကြီးထဲ ဒီတိုင်းမနေနိုင်။ စံရကိုခေါ်ကာ မြို့အနှံ့လျှောက်လည်ဖို့ရာစိတ်အားထက်သန်နေသည်။သို့သော် နောင်ငယ် စကားမသမ်းခင် စံရက စကားစလာပါသည်။
“နောင်ကြီးခွန်မင်းက မှာသွားပ.။နောင်ငယ် သွားလိုရာကို ရထားလုံးနဲ့လို်က်ပို့စေရော့တယ်”
“ဝိုး ကောင်းလိုက်တာ.။ဒါဆို ခုပဲ သွားရအောင်လေနော် ကျွန်တော် ခုပဲ စားပြီးပြီ.”
ထမင်းပန်းကန်က အနည်းငယ်ကျန်သေးပေမယ့် ချက်ချင်းထကာ လက်ဆေးဖို့ပြင်နေသည့် နောင်ငယ့်ကို စံရ က ရယ်သည်။ သူ့မျက်လုံးထဲတွင် နောင်ငယ်သည် နုနုနယ်နယ်ကလေးအရွယ်နှင့်တူ၏။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~