ညခင်းပိုင်းတွင်စိတ်မချသည်ကြောင့် နောင်ငယ့်ကို ခွန်မင်းက အခန်းထဲသာခေါ်သိပ်လိုက်သည်။ ဆန်ပြုတ်ပျော့ပျော့လေးရယ် ဆေးခါးတွေရယ်ကို မဝင်မချင်း ချော့တစ်ခါခြောက်တစ်လှည့်တိုက်ခဲ့ရသည်မှာလည်း ခွန်မင်းဓန သည် ကလေးထိန်းနေရသည့် သဖွယ်။
ခုများတော့ဖြင့် ခွန်မင်း ၏ အင်္ကျီအဖြူရောင်ကွက်. နှင့် တောင်ရှည်ပုဆိုးကြီးဖြင့် ကုတင်ပေါ်တွင် နောင်ငယ်သည် အဝတ်ဖြူ ပုံလေးလိုဖြစ်နေသည်။ ကုတင်ဘေးက ကျောမှီခုံရှည်တွင်ထိုင်ရင်း ခွန်မင်း စိမ်ပြေနပြေကြည့်နေမိသည်။
ဘယ်ခေတ်က လူသားပေမို့ ဒီလောက်မျှထိ နုနယ်သေးကွေးရပါသနည်း။ မြင်စကနေခုထိ အသားအရည်ကစ ဖြူနုနုကနေ ပြောင်းမသွားသေး။ ထို့ပြင် မိန်းကလေးဖြစ်သည့် မိနွယ်ပင် နောင်ငယ့်အရပ်နီးပါးလောက်ရောက်ပေတော့မည်။ ဒီကောင်ငယ် လေးသည် အရုပ်ကလေးသေးသေးနှင့်တူလှပါသည်။"ဟင့်--မေမေ--- မေမေ--- သား နေလို့မကောင်းလို့ ဖေဖေ --ဖေကြီးရေ--အင့်--မေကြီး."
"နောင်ငယ် နောင်ငယ် သတိထားပ ကျူပ်ရှိရော့တယ်."
ကြည့်နေရင်းကနေ မျက်လုံးကမပွင့်ကယောင်ကတမ်းတွေထပြောလေတော့အလျင်အမြန်ပင် ကုတင်ဘေး ဝင်ထိုင်လိုက်ရသည်။ လက်ကလေးတစ်ဖက်ကို အသာလှုပ်ကိုင်ရင်း နိုးလိုက်လေတော့ မျက်ရည်ဝိုင်းကြီးတွေနဲ့ မျက်လုံးက မပွင့်တပွင့်ဖြစ်လာသည်။
"အသင်-"
ခွန်မင်းကိုကြည့်ကာ မျက်ရည်ဥကြီးတွေ တလှိမ့်ချင်းကျလာပြန်သည်။ ဒီကလေးငယ်၏ မျက်ရည်တွေသည် သူ့ကိုဘယ်သော အခါကမှ စိတ်မချမ်းသာစေခဲ့သည့်အရာမို့လက်မဖြင့် ဖြည်းဖြည်းချင်းပွတ်သုတ်ပေးလိုက်သည်။
"အင်း နောင်ငယ် ဘာလုပ်ချင်ပ ပြော-ကျူပ်ကို နေလို့အတော်မကောင်းလေလား."
ညင်သာသည့် ခွန်မင်း စကားသံတို့နောက် နောင်ငယ် မျက်ရည်မစဲတော့။နေမကောင်းသည့်အချိန်တွင် စိတ်အားငယ်တတ်ကြ သည်မှာ ယောကျာ်းမိန်းမမဟူ မဟုတ်ပါလား။ သူ့ကိုစီးမိုးကြည့်ကာ လက်ကိုင်ပေးထားသည့် ခွန်မင်း ၏လက်ကို ပြန်လည် တင်းတင်းဆုပ်ကိုင်ထားလိုက်ကာ-
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~