Extra-3
အိပ်ရာဘေးက စားပွဲပေါ်တွင် တင်ထားခဲ့သော ဖုန်းထံမှ တဒီးဒီးမြည်သံကြောင့် အိပ်ပျော်နေပြီဖြစ်သည့် နောင်ငယ် မနိုးလာစေရန် အမြန်ယူကိုင်လိုက်ရသည်။ကိုးနာရီ ခန့်သာရှိသေးသော်ငြား နောင်ငယ့် လည်ချင်သလိုဖြစ်သွားသည့် ခြေထောက်ကို ဆေးခန်းမှာဝင်ပြခဲ့ပြီးနောက် ဆေးတိုက်. ညစာ ကျွေးကာ စောစောစီးစီးအိပ်စေခဲ့ခြင်းပင်။
#ဟုတ်ကဲ့ ခွန်မင်းမြတ် ပြောနေပါတယ်။#
*ဟုတ် ကိုကို.ကျွန်တော်သိပါတယ်။ကိုကို့ဆီ တမင်ဆက်တာ။ ဖေဖေ့ဆီကနေ ဦးလေးမင်းမြတ် ကို ဖုန်းနံပါတ်တောင်းခိုင်းလိုက်တာလေ.။*
#သြော် ပြောစရာရှိလို့လား #
ခွန်မင်းက စိုနေသည့်ဖြစ်သည့် ခေါင်းကဆံပင်တွေကို တဘက်ဖြင့် ခပ်နာနာပွတ်သုတ်နေရင်းက လက်တစ်ဖက် ဖုန်းကိုင်ထား သည်။
*အထွေအထူးတော့မရှိပါဘူး။ဒီတိုင်း -ကိုကို့ Men Wear Brand တွေအကြောင်းစိတ်ဝင်စားလို့ပါ။မနက်ဖြန်ကျွန်တော် ကျောင်းမတက်တာမို့ ကိုကို့ရုံးခန်းမှာ လာပြီးလေ့လာလို့ရလားဟင်။ကိုကို့တို့ရုံးအောက်ထပ်က အရောင်းပြခန်းဆိုတော့ *
#အလုပ်လေ့လာချင်တာ ရပါတယ်။ကိုယ်မရှိလည်း ကိုယ့်အတွင်းရေးမှူးရှိတာမို့ မင်း လာခဲ့လိုက်လေ.#
*ကိုကို့ဆီမှာပဲ သင်ချင်တာ.။နော် ကိုကိုနဲ့ပဲလေ.။ကျွန်တော်က ကိုကို့နားပဲနေချင်တာ။
တစ်ဖက်ကခွန်မင်း မျက်မှောင်တွေတွန့်ကြုံ့သွားသည်။ဒီကောင်လေး စကားပြောတာ အနှောင့်မလွတ်အသွားမလွတ်ပါလား။ ဒါပေမယ့်လည်း သူတစ်ပါးကို ဘလိုင်းသက်သက်ကြီးသံသယမဝင်ချင်သည်ကြောင့် အတွေးတွေကိုအမြန်ဖြတ်လိုက်သည်။ မွေ့ရာပေါ်က ချစ်သည်းသခင် က လူးလွန့်နေပြီ မဟုတ်ပါလား။
#ဒါပဲနော် ကိုယ်မအားတော့လို့
တစ်ဖက်က ဘာပြန်ပြောသည်မသိ.။သူ ဖုန်းချလိုက်ကာ နောင်ငယ့် နားကို ခပ်မြန်မြန်ရောက်လာသည်။ နောင်ငယ် သည် အိပ်ရာထက်တွင် ဟိုလှိမ့်ဒီလှိမ့်။
“ဘာဖြစ်လို့လဲ နောင်ငယ်။ ”
“ဟင် ခြေထောက် နည်းနည်း နာတယ်။ ဗိုက်လည်းဆာတယ် အသင်.”
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~