Extra-7
"တကယ်ပဲ မတွေ့တော့ဘူးလား"
နွယ်ဝတီ၏အမေးရှိလာသည်။ ခွန်မင်းရုံးခန်း၏မှန်က အတွင်းဘက်က အပြင်ကိုသေသေချာချာမြင်ရသည်မို့ ရုံးခန်းအပြင်ဘက် တွင် ကျောပိုးအိတ်ကလေးလွယ်ထားသည့် နောင်ငယ့်ကိုတွေ့နေရသည်။ အောင်ထက် ကို မရှိသည့်အကြောင်း ပြောခိုင်းလိုက် ပြီး ခွန်မင်း ကအထဲမှာရှိနေခြင်းဖြစ်သည်။ တကယ်ဆို ဇွတ်ဝင်လာလျှင် ခွန်မင်းကိုသေချာပေါက်တွေ့မည်ဖြစ်ပေမယ့် နောင်ငယ်က ထိုသို့ဖြင့်တော့ ခွန်မင်းပတ်ဝန်းကျင်တွင် လက်လွတ်စပယ်မလုပ်တတ်တာကိုသိသည်။
"ကလေးမျက်နှာကိုတွေ့လား ။သနားပါတယ် ခွန်မင်းရယ် နင်ကလည်းအကြီးဖြစ်ပြီး"
"ငါလည်း မခံစားရဘူးထင်လို့လား။ သူ တကယ်ဆိုးနေတာ မမ.နင်မသိပါဘူး.။ ကဲ- သွားစရာရှိရင်လည်းသွားတော့ဟာ။ငါ အလုပ်ရှိသေးတယ်။"
"အင်း ညနေကျ အိမ်ဘက်လာခဲ့ဦး"
နွယ်ဝတီက မနေ့က မှခရီးကပြန်ရောက်ခြင်းဖြစ်သည်။ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်းဆိုသလို ခွန်မင်းရုံးခန်း ကိုတန်း လာခါမှ အဆင်မပြေဖြစ်နေကြသည့်သူတို့အကြောင်းကိုသိခဲ့ရခြင်းဖြစ်သည်။တော်ရုံစိတ်မဆိုးတတ်သည့် ခွန်မင်းက ဒီမျှ လောက် ထိ တင်းမာနေတာ ဘာလို့လဲတော့ နွယ်ဝတီ မမေးတော့။ ဒါပေမယ့်လည်း နှစ်ယောက်သား ချစ်ကြရဲ့သားနဲ့ ဒီလိုမျိုးထိ တော့ဖြစ်နေဖို့မလိုပါလေ။
ရုံးခန်းအောက်ထပ်ထိ ဆင်းလာတော့ အရောင်းခန်းမ ဧည့်ခန်းနေရာမှာ ထိုင်နေသည့် နောင်ငယ့်ကိုတွေ့သည်။ ဘယ်ချိန်ကြည့် ကြည့် ဝတုတ်ကလေးဖြစ်မလာသည့် ကောင်လေးကို ပြုံးကြည့်မိရင်း နွယ်ဝတီ အနားကိုလာခဲ့လိုက်သည်။
"နောင်ငယ်."
"ဟင် မမ ဘယ်တုန်းကပြန်ရောက်နေတာလဲ"
"မနေ့ကပဲလေ။ကဲ ပြောပြပါဦး ရှင့် ကိုကို စိတ်ဆိုးနေတဲ့အကြောင်းကို"
နောင်ငယ် သက်ပြင်းလေးချရင်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။ ခုဆို သူပိုင်အောင်လေးခမျာ သူ့ရည်းစား ပြန်ရောက်လို့ ထိုအနားကမခွါ။နောင်ငယ့်ကိုတောင် အဆက်အသွယ်မလုပ်နိုင်ရှာ။နောင်ငယ် တစ်ယောက်တည်းသာ ဆွေးနေရ ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/181509289-288-k848543.jpg)
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~