မနက်စာ ဝိုင်းတွင် ဦးရီးနှင့် ခွန်မင်း သာရှိသည်။ အိမ်အပေါ်ဘက်ကိုလည်တဆန့်ဆန့်ဖြင့် ဦးရီးကမျှော်ကြည့်သေးသည်။ ခွန်မင်းကတော့ မသိသလို သာ ထမင်းကြော်ပူပူလေးကို ဆက်စားနေသည်။
“ဟိုကလေးငယ် မထသေးရော့လား.။ဒီအချိန် ဆို သူ ထမင်းဝိုင်းမှာဦးဆုံးရောက်နေကျပ..။မိနွယ် သွားခေါ်စမ်းပါကွဲ့”
“နေပ .။သူ ဆာရင် ဆင်းလာလိမ့်မည်ပ။သွားမခေါ်လေနဲ့”
အခါတိုင်း နောင်ငယ် မလာသေးလျှင် ဦးအောင်ခေါ်ခိုင်းတတ်သည့် ခွန်မင်းက ဤသို့စကားဆိုတော့ ဦးရီးက ထူးဆန်းသလို ကြည့်လာသည်။ မနေ့ညက ရွာဦးကျောင်းတွင် လူကြီးများနှင့် ဘုန်းဘုန်းဘုရား၏ တရားနာပြီး စကားလက်ဆုံကျနေ သည်ကြောင့် ညဥ့်နက်မှ ပြန်လာဖြစ်သည်။ ဖြစ်အင်အလုံးစုံကို ဦးရီးက မသိ။
“စကားများထားကြတာ ဟုတ်စ။ အခါတိုင်းဆို မင်းကသဲသဲလှုပ်လေတယ်မလား ခွန်မင်းရဲ့”
“အဲ့ဒါကြောင့် သူဆိုးနေပ ဦးရီး.။ ကျူပ် ရှေ့လျှောက် အလိုမလိုက်ရော့ပ”
ဦးရီးက ဟက်ဟက်ပက်ပက်ရယ်သည်။ မိနွယ်ကပါ ပြုံးစိစိမို့ ခွန်မင်းမျက်မှောင်ကြုံ့လာသည်။
“ဟုတ်မှဆိုပလေ။ ဟိုကဖြင့် အသင် ဆိုပြီး မျက်လုံးရွဲကြီးတွေနဲ့များကြည့်လိုက်လျှင်ဖြင့် ခွန်မင်းဓနတို့ နေစရာရှိပမလား.”
“ဦးရီးကတော့-”
ဦးရီးက သဘောတကျဆက်ရယ်မောနေတော့ မိနွယ်ကပါ အတင့်ရဲကာ အသံထွက်ပြီးရယ်လာသည်။ တဟိဟိလုပ်နေသဖြင့် ခွန်မင်း စိုက်ကြည့်ပေလိုက်တော့မှ ထမင်းအိုးတည်တာလိုလို ဟင်းရွက်သင်တာလိုလိုဖြင့် ဗျာများနေဟန်ဆောင်သေးသည်။
“ဆိုစမ်းပ.။စကားများတာတော့ကျူပ် သေချာသိနေရော့”
“သူ ငွေရှာထွက်ပ ဦးရီး။ ကျူပ် ဒီလောက်ဖြည့်ဆည်းအလိုလိုက်ပေးထားပါရဲ့နဲ့ ဒင်းက အောင်စမ်းတို့အုပ်စုတွေနဲ့ဝါးခုတ်ထွက်သတဲ့လေ.။ဦးရီး စဉ်းစားကြည့်ပ.သူ့ လက်သေးသေးလေးတွေနဲ့ ဘယ်က ဝါးကို သယ်နိုင်မတဲ့လဲ။”
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~