အပိုင်း(၅)(Z&U)

118K 12.2K 672
                                    

ခြံဝန်းထဲပြန်ရောက်တော့ ပြေးဝင်သွားသည့် နောင်ငယ်မှာ ကိုယ့်အိမ်ကိုယ့်ရာ ကဲ့သို့.။တစ်မနက်လုံး ခွန်မင်း ယာခင်း ထဲရှိသည့်နောက်ကို ဟိုစပ်စု ဒီစပ်စုဖြင့် နေ့ခင်းပြန်လာချိန်တွင် ဗိုက်က အတော်ဆာနေပြီဖြစ်သည်.။အရင်ဆုံးစဥ့်အိုးနား ပြေးကာ ခြေလက်သန့်စင်လိုက်သည်။ နောင်ငယ်၏ ဂွင်းထိုးဖိနပ်လေးက အကောင်းစားပေမို့တော်တော့သည်။ဟိုဘက်ခေတ် ဖိနပ်လေးက ဒီဘက်ထိ စီးရက်သားဖြစ်နေသည်ကို နောင်ငယ် အံ့သြလို့မဆုံး။ပြီးတော့ သူ့ဆံပင်ကလည်း သျှောင်ထုံးကြီး နှင့် မဟုတ်သည်ကို အတော်သဘောကျရပါသည်.။တစ်ခုပါပဲ သူ့အရင်က အ၀တ်တွေကိုတော့ ပြီးမှ မေးကြည့်ရပေမည်.။

“မိနွယ်  ငါ ဗိုက်ဆာပြီ.”

“အကိုငယ်လေး စားလို့ရပါပြီပ.ဦးရီးကတော့ စားနှင့်လေပြီး ရွာထဲထွက်သွားလေတယ်.။”

နောင်ငယ် ထမင်းဝိုင်းတွင် နေရာအရင်ယူလိုက်ပြီးမှ ခွန်မင်းက လက်ဆေးကာ ရောက်လာသည်.။ထမင်းဝိုင်းကိုကြည့်ကာ နောင်ငယ်မစားနိုင်သည်ကတော့ သေချာသည်။သို့ပေမယ့် ဗိုက်ဆာနေသည်မို့ ချေးမများနိုင်.။ဟင်းရည်ကို နိုင်နိုင်စမ်းကာ ခရမ်းချဉ်သီးအနှစ်နှင့်အားရပါးရစားလိုက်မိသည်။

“စားကောင်းရဲ့လား နောင်ငယ်..”

“အင်း ဒီနေ့ဗိုက်ဆာနေလို့ထင်တယ်.။နေ့တိုင်း အသင်နဲ့ယာခင်းလိုက်၇မလားပဲ ။ထမင်းစားဝင်အောင် အဟီး..”

ခွန်မင်း ကတစ်ချက်တော့ပြုံးတုံ့တုံ့ဖြစ်သွားသည်.။ရယ်မှာကို မပွင့်တပွင့်လုပ်နေသေးဟု နောင်ငယ် စိတ်ထဲကပြောမိသေးသည်။ အနေတည်တော့ သူ့ကို ဘယ်သူက ဆုပေးမှာမို့.။ရှင်သန်ရသည့်လောက ကတိုတိုလေးကို နောင်ငယ်ကတော့ ပျော်အောင်နေနိုင်ဖို့ပဲရည်စူးသည်။

“ရပ်ရေးကိစ္စတွေ စီစဉ်လိုက်ဦးမယ်. နောင်ငယ် အနားယူချင်တယ်ဆိုယူပါ.”

ခွန်မင်းက အိမ်ကြီး၏ ဧည့်ခန်းတွင်းရှိ စားပွဲဝိုင်းလေးတွင် ဖျာခင်းထိုင်လျက် စာတမ်းများကိုဖတ်ရှုနေသည်။ နောင်ငယ် စားပြီးတော့ မျက်စိစင်းလာသည်ကြောင့် အိပ်ခန်းထဲ ၀င်လာခဲ့လိုက်သည်။အိပ်လိုက် စားလိုက်နှင့် ဘ၀ကတော့သာယာနေသည်ပဲ.။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now