EXTRA-2
“ကိုခွန် Boss လာပါတယ်.”
အောင်ထက်၏ အသိပေးသံကြောင့် လက်မှတ်ထိုးနေရာမှ မော့ကြည့်လိုက်သည်။ဦးမင်းမြတ်က ခွန်မင်းရှေ့က ဆိုဖာတွင် ထိုင်နေချပြီ။
“ကိစ္စရှိလို့လား ဖေဖေ. ခဏနော်.”
“ရတယ် လုပ်။ဒီနေ့ ငါ့မိတ်ဆွေနဲ့နေ့လည်စာ စားဖို့ချိန်းထားတာ.။တစ်ယောက်တည်းမသွားချင်လို့ မင်းကိုလာခေါ်တာ.။မင်း အမ ကလည်းသိတဲ့အတိုင်းနိုင်ငံရပ်ခြားမှာဆိုတော့လေ.”
ခွန်မင်းရယ်လိုက်မိသည်။သဘောက နွယ်ဝတီ ရှိလျှင် ခွန်မင်းကို လှည့်တောင်မကြည့်ဘူးဆိုသည့်သဘော.။ဦးမင်းမြတ် သည် ဘယ်လိုပဲသားသမီးချင်းတူတူဆိုဆို. နွယ်ဝတီကို အလေးသာမှန်းအားလုံးသိကြသည်။သို့ပေမယ့်သူကတော့ အထွေအထူး ခံစား နေမည့်လူမျိုးမဟုတ်။သားယောကျာ်းလေးဖြစ်လို့လားတော့မသိ. ထူးထူးခြားခြားအချစ်ခံရတာမျိုးတော့သိပ် မတောင့်တမိ။ ပြီးတော့ မမ ဟာ သူနှင့်နောင်ငယ် ပေါင်းစည်းရေးအတွက် အဓိကကျသော မဏ္ဍိုင်ပေမို့။
“ပြီးပြီ ဖေဖေ. သွားလို့ရပြီ။”
“အိုခေ”
အောင်ထက်ကို လုပ်စရာရှိတာဆက်လုပ်ဖို့သာမှာထားခဲ့ပြီး ဦးမင်းမြတ်၏ ကားကို ခွန်မင်းက မောင်းပေးသည်။ဘေးက ခုံတွင်တော့ ဦးမင်းမြတ်ကထိုင်သည်။
“ဒါနဲ့ခုတလော မင်းတို့အိမ်ဘက်လည်းမလာကြပါလား။မင်း မေမေ မေးနေတယ်။ ဟိုကလေး ရော အရာရာ အဆင်ပြေရဲ့လား။”
“အဆင်ပြေပါတယ် သူလည်း သူ့Decoration သင်တန်းတွေနဲ့ရှုပ်နေရော”
“အင်း-လက်ထပ်ထားပြီး သင်တန်းထား.ဖြည့်ဆည်းပေးနဲ့ မင်းက sugar daddy ကြီးပေါ့လေ.”
“ဟာ ဖေဖေ က ဒီစကားတွေပါသိလို့ပါလား ”
“ငါ မအိုသေးဘူးကွ ဟေ့ကောင်”
ခွန်မင်း ကားစတီယာရင်ကို ထိန်းကိုင်နေရင်းက စိတ်လိုလက်ရ ရယ်မောမိသည်။ နောင်ငယ့်ကို ဖြည့်ဆည်းပေးလို့ ဦးမင်းမြတ် မကြည်ဖြူတာ မဟုတ်ဘဲ သည်းသည်းလှုပ်ဖြစ်နေသည့် ခွန်မင်းကို တစ်ခါတစ်လေ ကြည့်မရတာဖြစ်မှန်း သူသိသည်။ နောင်ရိုးငယ် တို့ က ဘာပဲဖြစ်ဖြစ် ချစ်မွှေးကပါပြီးသား။ အိမ်က မေမေသည်တောင် မလာတာကြာလျှင် သားငယ်လေး ချင်းထပ်နေကာ ချစ်တတ်သည်။ နွယ်ဝတီကတော့ ပြောမနေနဲ့တော့။ဦးမင်းမြတ်သည်သာ သားငယ်တစ်ယောက်ဆီက မရဖူးသည့် မရဲတရဲချွဲနွဲ့ခြင်းတွေရသည့်အခါ အချစ်တိုးနေမှန်း ခွန်မင်း သိသားပဲ။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~