နောင်ငယ် အိမ်ပြန်ရောက်ချိန်တွင် ညဥ့်နက်နေပြီဖြစ်သည်။ခွန်မင်း အခန်းထဲတွင်မီးရောင်တွေ့နေရသေးတော့ အိပ်သေးဟန် မတူ။ခါတိုင်းဆို သူ့ကိုစိတ်ပူနေတာလားဟု စနောက်မိမှာမှန်ပေမယ့်ခုများတော့မဝံ့ရဲ။ဧည့်ခန်းထဲတွင် ထွန်းထားဆဲဖြစ်သည့် မီးအိမ်ကလေးကလည်း သူ မှောင်တာကြောက်၍ ထွန်းထားပေးတာလားဟုလည်းမမေးရဲ.။
"အသင် ကျွန်တော် ပြန်ရောက်ပြီနော်."
တိုးဖွဖွအသံပေမယ့် ခွန်မင်း မအိပ်သေးတာမှန်လျှင်ကြားမည်သာ။ တုံ့ပြန်သံမလာသည်မို့ နောင်ငယ့်အခန်းထဲသာ တိတ်တဆိတ်ဝင်လာခဲ့လိုက်တော့သည်။လှည်းစီးရတာ ညောင်းညာကိုက်ခဲလွန်းသည်မို့ ခေါင်းချလိုက်သည်နှင့် တန်းအိပ် ပျော်သွားတော့သည်။ အိပ်မက်လိုလို တကယ်လိုလို အသံတွေကြား နောင်ငယ့် အခန်းတံခါးကိုလာထုနေသံကြား၏။ မျက်လုံးကမပွင့်တာမို့ ခေါင်းလည်းမထူနိုင်ပါ။နောက်တော့ နောင်ရိုးငယ်ဟူသော အသံကျယ်ကြီးကိုကြားလိုက်ရသည်ကြောင့် ဆတ်ခနဲနိုးလာရသည်။
"အသင့် အသံပဲ. လာပြီ လာပြီ "
ကမန်းကတန်းထကာ တံခါးဖွင့်ပေးလိုက်သည်။လိုက်ခဲ့ဟူသော ခပ်မာမာအသံကြောင့် ခွန်မင်းနောက်က ကပ်လိုက်လာစဉ် ဧည့်ခန်းထဲတွင် ညကြီးသန်းခေါင်လူစုံတက်စုံရှိနေသည်။မသာမယာဦးရီး မျက်နှာအပြင် လှသူဇာ၏ ဖခင်ရယ် ၊ နောင်ငယ် မြင်ဖူးသည့် သီဟ ၏ ဖခင်ရယ်။
"ကျူပ် သားဘယ်မလဲ နောင်ရိုးငယ်. မောင်ရင်ခေါ်သွားတာကျူပ်တွေ့လိုက်ပ.အံ့ဖို့ကောင်းလိုက်တာ.ခု လှသူဇာပါ ကျူပ် သားနဲ့ရောပျောက်နေတယ်တဲ့ပေါ့."
သီဟ၏ ဖခင်ဖြစ်သူ ဦးရီးလူသည် သီဟက ဒီရွာတွင်သူကြီးမဖြစ်နိုင်သည့်အတူ တစ်ဖက်ရွာက သူကြီးသမီးခင်နု နှင့်နီးစပ်စေ ချင်ကာ သူကြီးသမက်တော့ဖြစ်စေချင်မိခဲ့သူဖြစ်သည်။ တစ်ဖက်ရွာသူကြီးက သမီးသာ မွေးထားသည်မို့ သားမက်ဖြစ်လာလျှင် လုပ်ရည်ကိုင်ရည်လည်းရှိကာ ထက်မြက်သည့် သီဟကြောင့် နေရာပေးခံရမည်မှာ ဧကန်မလွဲ။ ခုတော့ ဘယ်ကလာမှန်း မသိသည့် ဒီလိုကောင်ငယ်လေးက သူ့အိပ်မက်တွေကိုဖျက်ဆီးပစ်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~