အပိုင်း(၉)(Z&U)

106K 11.4K 1K
                                    

အပိုင်း(၉)

ယနေ့တော့ ရွာတောင်ဘက်ကန်တွင် လှသူဇာ ရေခပ်ဆင်းချိန် အနည်းငယ်နောက်ကျနေခဲ့သည်။ အိမ်တွင် အဘ နေသိပ်မကောင်းသည်မို့ ကူလုပ်ပေးနေရခြင်းကြောင့် မိကျေးဥတို့တွေ လာခေါ်ချိန် သူမ လိုက်မသွားနိုင်ခဲ့ခြင်းပင်။ ရေအိုးကို ခါးထစ်ခွင်လျက် ခပ်မြန်မြန်ပဲ ကန်နားကခွာလာလိုက်သည်။ အိမ်တွင်ရေရှိနေစေကာမူ ညနေခင်းတိုင်း ရေခပ်ဆင်းကြသည်မှာ လုံရွာ၏ ထုံးစံတစ်ခု။

"အင်း--မောင်ပုခေါ်ခဲ့ရအကောင်းသားပ. အနည်းငယ်တော့မှောင်ချင်နေပါလား။"

သို့သော်လှသူဇာ၏မျက်ဝန်းလေးတွေ အရောင်တောက်သွားခဲ့သည်။မလှမ်းမကမ်းတွင် သူမဆီဦးတည်လာနေသူက သီဟ။

"သူဇာ-ဘယ်အချိန်မို့ အတင့်ရဲလေသလဲ အမိ။ ညနေစောင်းရော့ပြီ။ ကျူပ် ခပ်ပေးလည်းရပဗျာ."

"ရွာကအေးချမ်းပတော်. အမောင်သီဟ စိတ်မပူပါလေနဲ့"

"သူခိုးဓားပြလူဆိုးဆိုတာ မမြင်ရဘူး သူဇာ.။ကျူပ် စိုးရိမ်တာမို့ နောက်နောင် ဒီအချိန်မထွက်ပါလေနဲ့."

လှသူဇာ ပြုံးရင်းခေါင်းညိတ်ပြလိုက်သည်။ သူမလက်ထဲက ရေအိုးကို သီဟ ကလွှဲပြောင်းကိုင်ပေးသည်။ အချိန်က လူရိပ်မကွဲ သည့်အခြေအနေလည်းမဟုတ်သေးပေမယ့် စိတ်ပူပေးတဲ့သူရှိတော့ လှသူဇာ ပြုံးမိသည်။အမြဲတစေ ဂရုစိုက်ပေးသူ၊ လိုအပ်တိုင်းအနားမှာရှိပေးသူကို နှောင်တွယ်မိတာတော့ လှသူဇာ မမှားဘူးထင်သည်။

"ဆိုတော့က-အမောင်သီဟ က သူဇာ့ကို အဘယ်ကြောင့်များ စိုးရိမ်တာလဲ."

ယှဉ်တွဲလျှောက်လာရင်း မော့ကာမေးလာသည့်သူမ။ ကော့ညွှတ်ရှည်လျားသည့် မျက်တောင်ရှည်တို့သည် သဘာဝအတိုင်း ကျော့ရှင်းလျက် မျက်လုံးအိမ်လေးများက အရည်တောက်နေသည်။ သက်ပြင်းဖွဖွချလျက် သီဟ အကြည့်လွှဲလိုက်သည်။

"မရီးလောင်း မလား။ သူဇာက ကျူပ်ရဲ့ မရီးဖြစ်လာမယ့်သူပ."

စကားသံတို့တိတ်ဆိတ်သွားသည်။ လှသူဇာ မျက်နှာလေးသည်လည်းညိုလျက်။ လုံရွာ၏ ဓလေ့ထုံးစံကို မုန်းသည်။ မကြင်သူကို ပေါင်းဖက်ရမည့်အေ၇းကို လည်းစိုးသည်။ သတ္တိမရှိသူကြီးကိုလည်း စိတ်ကုန်သည်။ အရာအားလုံးသည် လှသူဇာ စိတ်တိုင်းကျမှဖြစ်မလာနိုင်ဘဲလေ။ အသင်္ခယာခေတ်၏ သမီးပျိုလေးသူမက ရိုးရာစည်းမျဉ်းထုံးစံတို့ကို အဘယ်မှာ ချိုးဖျက်နိုင်အံ့။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now