အပိုင်း (၈)(Z&U)
107K 11.1K 417
ညဥ့်နက်သန်းခေါင်ချိန်ရောက်စဉ်တွင် ရေဆာလာသည်နှင့် ခွန်မင်းတစ်ယောက် အခန်းထဲမှ ထလာခဲ့လိုက်သည်။မနေ့ညနေက မှ နောင်ငယ်အတွက် အခန်းတစ်ခန်းသီးသန့်ပေးခဲ့ပြီမို့ သူ့အခန်းနှင့်ဘေးကပ်ရပ်အခန်းတွင် နောင်ငယ့် အခန်းရှိနေသည်။
"မေမေ---သား--ကြောက်တယ်.ဟင်း---မေမေ --သားကိုခေါ်ပါ"
အခန်းရှေ့က အဖြတ်တွင်ညည်းညူသံကဲ့သို့ ကြားလိုက်ရတော့ ခွန်မင်း ခေါင်းထောင်သွားသည်။စေ့ရုံစေ့ထားသည့် အခန်းတံခါးကိုတွန်းဖွင့်ကာ ချက်ချင်းပင်အခန်းထဲဝင်လာခဲ့လိုက်သည်။သူ ကိုင်လာသော ရေနံဆီမီးအိမ်ငယ်၏ အလင်းရောင်ဖျော့ဖျော့ အောက်တွင် နောင်ငယ်သည် ကုတင်ပေါ်တွင် စောင်လည်းလွတ်လျက် ကွေးကွေးလေးရှိနေကာ ချွေးစတို့ လည်း စို့ နေလေသည်။
"နောင်ငယ်--နောင်ငယ် သတိထားပါဦးပ."
ခွန်မင်း လှုပ်နိုးလိုက်တော့ လှုပ်နိုးသည့်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြန်သည်။ မျက်နှာနုနုသည် ဖျော့တော့နေသည်မို့ ခွန်မင်း အတော်စိုးရိမ်နေပြီဖြစ်သည်။ဆေးဆရာကလည်း မနေ့ကမနက်တွင်မှ မြို့ပေါ်တက်သွားမှန်းသူ သိထားသည်မို့ ညတွင်းချင်းပင် မိနွယ်ကိုနိုးကာ ဆေးတစ်ခွက်ကျိုစေရ၏။ သူကိုယ်တိုင်လည်းချွေးတွေရွှဲနေသည့် ကိုယ်ပေါ်က အင်္ကျီကိုလဲပေး ရန်ပြင်ရသည်။ ဖြူဝင်းနေသည့် ကိုယ်သည် မီးရောင်အောက်တွင်ပင် ပန်းပုထုထားသကဲ့သို့မို့ ခွန်မင်း ရုတ်တရက်မျက်နှာလွှဲမိမလိုတောင်ဖြစ်သွားသည်။
"ဒီအတွက်ကြောင့် ကိုယ်ခံအားနည်းလေရော့တာ.။အဘယ် ယောကျာ်းသားက ဒီမျှလောက်ဖြူဝင်းနေတာရှိပါလိမ့်။တကယ်ပဲ နောင်ငယ် ကဘယ်အရပ်ကလာခဲ့သလဲကွယ်။"
မ၀ံ့မရဲဖြစ်နေသည့် စိတ်ကို စကားတွေတရစပ်ဆိုရင်းဖြင့် ပြန်တည်ငြိမ်စေလိုက်သည်။ သူတို့ကဲ့သို့ကြေးနီရောင်အသားမျိုး မဟုတ်ပါဘဲ နုနယ်သည့် အသားအရည်သည် ထိလိုက်လျှင်ပင် အရာထင်မည်စိုး၍ လုပ်ရကိုင်ရသည်မှာ တထိတ်ထိတ်။
"အသင်- ကျွန်တော်--အိမ်--ပြန် ချင်--တယ်..မေမေနဲ့ဖေဖေ့ကို လွမ်းတယ်--"