“လူသိရှင်ကြားဖြစ်ကုန်သပဆိုတော့ ဘယ်သူကမှ ဘာမှမတတ်နိုင်တော့ပ ခွန်မင်း။လှသူဇာနဲ့ သီဟ ကိုမြန်းဖို့သာလုပ်ပေးကြရော့တော့မယ်။ရွာဓလေ့ကျိုးပျက်လေတာ အင်မတန်မသင့်လျော်ရပေမယ့် နည်းလမ်းလည်းမရှိသကိုးကွယ်.။”
ဦးရီးသည် တစ်ချိန်လုံး ခွန်မင်းနှင့် လှသူဇာကို မင်္ဂလာပြုစေချင်ခဲ့သူမို့ သက်ပြင်းရှည်ကြီးချကာ စိတ်မလန်းနိုင်ပဲရှိရသည်။ အဖြစ်အပျက်တွေက ဒီလိုဆိုတော့သင့်တော့်သည့် ကွမ်းတောင်ကိုင်အပျိုတစ်ယောက်ထပ်မံရွေးချယ်ကာ ခွန်မင်းအတွက် သတို့သမီးလောင်းပြန်ရှာရမည့်အဖြစ်ပင်။
“ဆိုပေမယ့် ခွန်မင်း ကလေးငယ်ကို နှင်လိုက်တာတော့ မှားသကွဲ့.။ဦးရီးလည်းစိတ်ဆိုးတာမှန်ပေမယ့် စိတ်ဆိုးလွန်းလို့ မမြင်တွေ့ချင်ဆိုရင်တောင် မနက်လင်းခါမှပေါ့ကွယ်။ခုတော့ ညကြီးမင်းကြီး ပစ်ပစ်ခါခါပြုရက်တာ ခွန်မင်း မှ ဟုတ်ပါလေစ.။”
မနက်စာထမင်းပူပူနွေးနွေးက ရှေ့တွင်ရှိနေပေမယ့် ခွန်မင်း တစ်လုပ်မျှ မစားသေးသလို ရေနွေးကြမ်းကိုသာ သောက်လျက် တစ်ခွန်းမှလည်းခွန်းတုံ့မပြန်။ ဦးရီးတောင် ထမင်းစားနေရသည်မှာ စိတ်သက်သာဟန်မရှိ.။မိနွယ်သည်သာ လိုတာလေးဖြည့် ပေးလိုက် စားလိုက်နှင့်ဖြစ်နေသည်။
“ဗိုက်မဆာတာမို့ မစားတော့ပ ဦးရီး။ဖြည်းဖြည်းသုံးဆောင်ပ.”
“အမ် မောင်ကြီးခွန်မင်း ထမင်းတောင် အရာမယွင်းသေးရော့”
မိနွယ်၏ လှမ်းအော်ခေါ်သံကို ခွန်မင်း လျစ်လျူရှုလိုက်သည်။တစ်ညလုံးလည်း တစ်ရေးမှအိပ်မပျော်ဘဲ မနက်လင်းသည်ထိ ရင်ထဲ စို့နင့်တင်းကျပ်နေသည်။သူ မှားမှန်းသိပါသည်။ သို့ပေမယ့် ညကသာ ချော့လိုက်မိမယ်ဆိုရင်ဖြင့် နောင်ငယ် ဟာ ဘယ် သော အခါမှ လုပ်ချင်ရာလုပ်တတ်သည့် အကျင့်လေးကိုပြင်မည်မထင်။တံခါးအပြင်ဘက်ကနေပြီး သူ့ကိုကန်တော့သွားခဲ့ မှန်းလည်းသိသည်။လက်သီးတင်းတင်းဆုပ်လျက် အောင့်တက်နေသည့် ရင်ဘတ်ကိုထိန်းထားရသည်ကိုတော့ နောင်ငယ် အဘယ်သိအံ့နည်း။သည်းမခံနိုင်တော့သည့်အဆုံး သူ အခန်းအပြင်ဘက် အပြေးထွက်ကာ ရှာခဲ့ပါသေးသည်။ လရောင်ဖြန်း သည့် ရွာလမ်းမတစ်လျှောက်လုံးထိ သူ ပြေးလျှောက်ခဲ့သည်။နောင်ငယ်နှင့်တူသည့်အရိပ်ယောင်ကိုမျှပင် မမြင်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~