အပိုင်း(၂၇)(Z&U)

120K 12K 1.8K
                                    

အပိုင်း(၂၇)

“အိမ်း ကလေးငယ်ကို သေချာဂရုစိုက်ပေးထားရော့ ခွန်မင်း။ဖြူဖျော့နေတာများ ရက်ပိုင်းအတွင်းမလား.။ဦးရီးတော့ ကျန်တာထွေထွေထူးထူးမပြောချင်ပ..စိတ်လိုက်မာန်ပါ မလုပ်လေနဲ့”

“စိတ်ချပ ဦးရီး.”

ယနေ့ဝါဆိုလပြည့်နေ့ပေမို့ ဦးရီး ကရွာဦးကျောင်းကိုသွားလေပြီ။မနက်အစောကတည်းက မိနွယ် ဆွမ်းထချက်ပြီးသည်နှင့် အရုဏ်ဆွမ်းအမီ လည်း ခွန်မင်း ဆွမ်းပြေးကပ်ခဲ့ကာ ဦးချတရားယူခဲ့သေးသည်။သံယောဇဉ်မပြတ်နိုင်သည့် ပုထုဇဉ် လောက သားပေမို့ အိမ်တွင် ခုထိ သတိမရလာသေးသည့်နောင်ငယ့်ကို ဒီတိုင်းထားပြီးတရားရိပ်လည်းမခိုနေနိုင်ဘဲသူ အမြန်ပြန်လာခဲ့ ရခြင်းဖြစ်သည်။

“အကိုငယ်လေး ကသနားစရာပ ။မောင်ကြီးက တအားရက်စက်တာပဲ။ဘယ်လိုပဲဆိုဆို အကိုငယ်လေးက မိနွယ်တို့ မိသားစုဝင်လိုပဲမလား.။မိသားစုဝင်ဆို ဘယ်အပြစ်လုပ်လုပ် ဆူရိုက်နေပါစေဦး မောင်းမလွှတ်ရော့ပ။ခုတော့ ကန်စွန်းရွက်ခူးရင်းနဲ့ အကိုငယ်လေးက-”

အိပ်ရာပေါ်တွင်ခေါင်း၌ အဝတ်ဖြူသေးသေးပတ်ကာ စည်းထားရသည့် နောင်ငယ့်ကိုကြည့်ကာ ခွန်မင်းကိုအပြစ်ဆိုသည်။ တစ်ကြိမ်တစ်ခါမျှတောင် ခွန်မင်းကိုပြန်မပြောဝံ့ဘဲ အမြဲတစေလေးစားရိုသေသူက ခု ဆူပူနေသည့်ပုံ မှာ သူမကပင် အကြီးတစ်ယောက်လိုလို.။သို့ပေမယ့် လွန်တာက ခွန်မင်းပါလေ.။

“ကျူပ်မှားတာ သိတယ်ပ။ သေချာဂရုစိုက်ပြီးတောင်းပန်မှာမို့ တရားနာဖို့သွားမယ်ဆို သွားပေတော့ မိနွယ်.”

“ဒါဆို ဒီမှာဆန်ပြုတ်နွေးနွေးလေး တိုက်လိုက်ပါဦး နော့ ။မိနွယ် သွားမယ်ပ.ဟို မောင်ကြီးက အကိုငယ်လေးကို ထပ်ပြီးလျှောက်မလွှတ်ရော့နဲ့နော်.။မိနွယ် စိတ်ဆိုးရော့မယ်.”

မပြီးနိုင်မစီးနိုင်လှမ်းပြောသွားသေးသော မိနွယ်ကို လိုက်ကြည့်ရင်းခွန်မင်း ဖြတ်ခနဲပြုံးလိုက်မိသေးသည်။မိနွယ်သည်တောင် နောင်ငယ့်အပေါ်သံယောဇဉ်ကြီးသလို လှသူဇာတို့သည်လည်းချစ်ခင်ကြသည်မှာ နောင်ငယ်ကအချစ်ခံလူတန်းစားလေးမှန်း သိသာလွန်းနေခဲ့သည်။ နောင်ငယ့်ကိုကြည့်လိုက်တော့အိပ်ပျော်နေလက်စမို့ အိမ်အနောက်ဘက် ခဏမျှဆင်းလာခဲ့ လိုက်သည်။မိနွယ်တည်ထားခဲ့သည့်ရေနွေးအိုးလေးကို အောက်ချလိုက်ပြီးမှ အိမ်ပေါ်ပြန်တက်လာချိန်တွင် ခွန်မင်းမျက်လုံး ပြူးသွားရသည်။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now