ရင်ခွင်နန်းတော်
အပိုင်း(၁)
"မင်းအလောင်းကိုမင်းအိမ်ကလူတွေတစ်စစီလိုက်မကောက်ရခင် ပါးစပ်ပိတ်လိုက်"
အိမ်ထဲလှမ်းဝင်လိုက်ရင်း ကြားရတဲ့အသံကြောင့် အလိုလိုနေရင်းမျက်ခုံးပင့်မိသွားသူက လရောင်လင်း ပါ။
ဧည့်ခန်းထဲရှိဆိုဖာမှာထိုင်နေရာမှ ထလိုက်သူကို အချိန်မီ လှမ်းခေါ်လိုက်ရသေးသည်။"သူရိန်"
အမြဲတမ်းစကားနည်းတတ်သူပီပီ လှည့်ကြည့်ရုံသာကြည့်သောညီဖြစ်သူကိုကြည့်ရင်း
ပြောဖို့စကားကရုတ်တရက်ရှာမရပေ။
သူရိန်ကသူ့အခန်းရှိရာဆီ ဦးတည်လျှောက်သွားမှ နောက်ကနေလိုက်ခဲ့ရသည်။"မင်းကအခုဘယ်ထိလိုက်သွားဦးမလို့လဲ?"
မေးသာမေးရပေမဲ့ဖြေမှာမဟုတ်တာသိနှင့်ပြီးသားပါ။
"မင်းကလဲစိတ်လေးဘာလေးလျှော့ဦးမှပေါ့သူရိန်ရာသူတို့လိမ်သွားတဲ့ငွေလောက်နဲ့ ငါတို့ကမွဲသွားမှာမှ မဟုတ်တာ"
"ငါကရော မွဲမှာကြောက်နေလို့လား?"
သူရိန်က ပြောချင်ရာပြောပြီး ရေချိုးခန်းထဲလှမ်းဝင်သွားလေသည်။
ခါးမှာပဝါအနက်ရောင်ပတ်ထားသောအရပ်မြင့်မြင့်မားမားနှင့်ညီဖြစ်သူကိုကြည့်ရင်း သူစကားလုံးရှာနေမိသည်။
ဒါပေမဲ့ သိနေပြီးသားပါ။ သူရိန်ထက်ဆိုသော ဒီညီကသူလုပ်ချင်တာကိုဇွတ်လုပ်တော့မှာပင်။"သားငယ်ကထွားတယ်နော်" ဟုအားလုံးပြောရလောက်အောင် လူပျိုပေါက်အရွယ်ရောက်ကတည်းက
ကွာခြားခဲ့တာဖြစ်သည်။
လရောင်လင်း ကပြုံးပြုံးလေးနေတတ်ပြီး သဘောကောင်းသလောက်
သူရိန်ထက် ကတော့ ဂျစ်ကန်ကန် ပြန်မပြောနားမထောင်။
သူနဲ့ပတ်သက်တဲ့သူထိလို့်ကတော့ ယောကျာ်း မိန်းမ မရွေး တုန့်ပြန်ဖို့လဲဘယ်တုန်းကမှ
လက်မနှေးခဲ့သူ။
ရေကူးနှင့် တင်းနစ်ရိုက်တာ ဝါသနာပါတာကြောင့်လဲ လူကောင်ကဒီလောက်အထိထွားကျိုင်းနေတာ။
တွေးနေရင်းနှင့် အတိတ်တွေထဲစိတ်ကရောက်သွားတာဘယ်လောကကြာသွားသည်မသိ။"လရောင် အဖေတို့မသိစေနဲ့နော် ငါဒီအိမ်မှာရှိနေသလိုပဲထားလိုက်"