ရင်ခွင်နန်းတော်
၁၄ ၁/၂
....................
ပြည့်မင်းမြတ်
ကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။
ကျွန်တော်အခု ကိုကြီးရဲ့အိမ်မှာရှိသော အိပ်ခန်းထဲမှာဖြစ်သည်။
ဒါဆို ကိုကြီးရော...
ပြတင်းတံခါးအပြင်ဘက်ကိုကြည့်လိုက်တော့ အပြင်မှာမှောင်နေပြီဖြစ်သည်။
အိပ်ရာပေါ်မှထကာ အခန်းအပြင်ကိုထွက်ခဲ့လိုက်သည်။
ကိုကြီးဘယ်ရောက်သွားလဲမေးရမည်။ ဘယ်သူ့ကိုမှမတွေ့ရ...
အခန်းတံခါးတွေ တစ်ခုပြီးတစ်ခု လိုက်ဖွင့်ကြည့်မိသည်။
နောက်ဆုံးတော့....တွေ့ပါပြီ
ကိုကြီး....
ကုတင်ပေါ်မှာလှဲနေပြီး လက်တွင်ဆေးသွင်းထားရလေသည်။
အခုထိ သတိရသေးပုံမပေါ်ပါ။ အောက်ဆီဂျင်မျက်နှာဖုံးလေးအောက်မှာ
အသက်ကိုမှန်မှန်လေးရှူနေလေသည်။
ဒါဆို ကိုကြီး မသေဘူးပေါ့....ဘာမှမဖြစ်ဘူးပေါ့....
တော်ပါသေးရဲ့....
ကျွန်တော် ကိုကြီးဘေးနားကုတင်ပေါ်မှာ ထိုင်ချလိုက်ကာ
ကိုကြီး လက်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ထားမိသည်။
ပြီးတော့ ကျွန်တော့်နှုတ်ခမ်းနားယူကာ ဖွဖွလေးနမ်းနေမိသည်။
"ကိုကြီး....ဘာမှမဖြစ်တော့ရင်လဲထပါနော်...ကျွန်တော့်ကိုရင်ကွဲအောင်မလုပ်ရဘူးနော်"
စကားတွေတတွတ်တွတ်ပြောနေမိရင်း ကိုကြီးကို နဖူးလေးသပ်ပေးလိုက်
ပါးလေးတွေကိုင်ကြည့်လိုက်လုပ်နေမိသည်။
မျက်နှာအနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်မှလွဲ၍ အခုထိခန့်ညားချောမောနေဆဲပါ
တံခါးဖွင့်သံကြားရသဖြင့် လှည့်ကြည့်လိုက်မိသည်။
"အကိုလေး...သတိရလာပြီလား....ကျွန်တော်တို့မှာလန့်ဖျပ်သွားတာပဲဗျ