ရင်ခွင်နန်းတော် အပိုင်း(၉)
~~~~~~~~~~~~~~~~~
သူရိန်ထက်
တရှိုက်မက်မက် အနမ်းတွေခြွေပြီး လွှတ်လိုက်တဲ့အချိန်မှာ သူရော ကျွန်တော်ပါ
မောဟိုက်နေကြသည်။
"ချာတိတ်"
ကျွန်တော်ခေါ်လိုက်တော့မှ သူက သတိရသွားသလို လှည့်ပြေးဖို့ပြင်သည်။
ကျွန်တော်မမေ့မလျော့ သူ့ကို ဆွဲထားလိုက်ရင်း
"ကိုယ် မင်းကိုဖိအားမပေးပါဘူး။အခုချာတိတ်စိတ်ဆိုးတယ်ဆိုလဲ ကိုယ့်ကိုရိုက်ပါနှက်ပါ...တစ်ခုပဲ...ကိုယ့်ကိုမုန်းတော့မမုန်းပါနဲ့ကွာ...နော်"
ကျွန်တော်တတွတ်တွတ်ပြောနေသမျှကို သူက သတိမေ့နေသူလေးလိုငြိမ်ပြီးနားထောင်နေလေသည်။
"တစ်ခုခုပြောပါဦးကွာ"
ကျွန်တော် သူ့မျက်နှာအနားကပ်ပြီးထပ်မေးတော့ သူက ကျွန်တော့်ရင်ဘတ်ကိုတွန်းထားကာ
"တော်ပြီ...မလုပ်နဲ့တော့...ရင်တွေတုန်နေတာအခုထိမပျောက်သေးဘူး...ခြေထောက်တွေလဲမခိုင်တော့ဘူး..."
မျက်နှာနီနီရဲရဲလေးနှင့်သူက ပြောပြနေသည်။
"ဒါဆို ထိုင်ရအောင်လေ"
အိမ်ရှေ့နားက ကျွန်တော့်အတွက်သူပေးထားတဲ့နေရာလေးမှာ မှီပြီး ထိုင်ပြီးတဲ့အထိ
ကျွန်တော်သူ့ကိုမလွှတ်မိ။
သူ့ပခုံးလေးကိုဖက်ထားရင်း ကျွန်တော့်ပခုံးပေါ်ခေါင်းမှီထားစေကာ သူ့လက်မောင်းလေးတွေကိုပွတ်သပ်ပေးနေမိသည်။
သူ့အတွက်ပထမဆုံးဆိုတော့လဲ လန့်သွားရှာမှာပေါ့လေ။
အဲဒါလေးတွေကြောင့်ပိုချစ်နေရတာ ချာတိတ်ရေ....
"အဲ့ဒါဆို ခင်ဗျားက အတိတ်လဲမမေ့ဘူးပေါ့"
အခုမှ အဆင်ပြေသွားပုံပေါ်ကာ သူက စကားစပြောလာသည်။
"အခုထိ ခင်ဗျားလို့ခေါ်တာလား ချာတိတ်ရာ"
"အဲ့ဒါဆိုဘယ်လိုခေါ်ရမှာလဲ?"
သူကမော့ကြည့်ပြီးမေးလာသည်။
"ကိုကြီးလို့ခေါ်လေ"
