ရင်ခွင်နန်းတော် အပိုင်း(၄)
~~~~~~~~~~~~~~~~~~~
ပြည့်မင်းမြတ်
"ဘယ်လိုလူမှန်းလဲမသိဘူး...လူကိုလန့့််သွားတာပဲ "
ကိုယ့်ဘာသာ ပွစိပွစိနှင့်ရေရွတ်ရင်း နောက်ဖေးဘက်သို့ထွက်လာလိုက်သည်။
ဟိုလူအတွက်စားဖို့ပြင်ဆင်ပေးပြီး အလုပ်သွားရဦးမှာဖြစ်သည်။
စောစောကပြုတ်ထားသောဆန်ပြုတ်ကို မီးဖိုပေါ်တင်၍ ခဏနွှေးထားလိုက်သည်။
သူတို့ရွာလေးကမြို့နှင့်သိပ်မဝေးလို့သာတော်တော့သည်။လိုချင်တာအားလုံးကိုဈေးဝယ်ထွက်လို့ရနေသည်။
မင်းမြတ်ကိုမြို့ပေါ်ကကျောင်းမှာ အမိုးတို့က ၁၀တန်းအထိပညာသင်ပေးခဲ့သည်။
အခု ဒီရွာက မူလတန်းကျောင်းလေးမှာ လုပ်အားပေးပြန်လုပ်နေသည်။
ဆရာလေးပေါ့... အိမ်မှာ ဆိုင်ကယ်လေးတစ်စီးရှိနေလို့သွားရေးလာရေးလဲအဆင်ပြေလေသည်။
အခုဆို အမိုးတို့ဆုံးသွားတာ တစ်နှစ်လောက်ပင်ရှိတော့မည်။
အမိုးတို့က မင်းမြတ်ကို မွေးစားခဲ့တာဖြစ်သည်။ အမိုးတို့ကိုပြန်လုပ်ကျွေးပြီးကျေးဇူးဆပ်မည့်အချိန်မှာ အမိုးတို့ကလောကကြီးကေန ထွက်ခွာသွားကြလေပြီ။အခုဆိုအိမ်မှာ မင်းမြတ်တစ်ယောက်တည်းအထီးကျန်နေရလေသည်။
ကျောင်းသို့လာတိုင်း ကျောင်းသားမိဘများက ဆရာလေးဘယ်တော့စားရမလဲဟုနောက်လျှင်အီလည်လည်သာပြုံးပြလိုက်ရသည်။
ကိုယ်က မိန်းကလေးတွေကိုမှသဘောမကျဘဲလေ။
ဆန်ပြုတ်ကိုပန်းကန်လေးထဲထည့်ကာ ထိုလူရှိရာသို့ယူလာလိုက်သည်။
အဲဒီလူ နာမည်က သူရိန်ထက်တဲ့။ အသက်က၂၆။
မင်းမြတ်ထက်အသက်၆နှစ်ကြီးသည်။ ဒါပေမဲ့ အကိုလို့မခေါ်နိုင်ပါ။
သူ့ဒဏ်ရာတွေ ကုပေးရတဲ့အပြင် အခုလဲအိမ်ပေါ်တင်ကျွေးထားရဦးမည်။
တွေးမိရင်းမဲ့ကာ မျက်စောင်းလှမ်းထိုးလိုက်မိသည်။
"ချာတိတ်...နောက်ဖေးဝင်သွားရင်းလေဖြတ်သွားတာလား"
![](https://img.wattpad.com/cover/182018314-288-k76019.jpg)