Part 1

9.4K 214 1
                                    


ရင်ခွင်နန်းတော်
အပိုင်း(၁)

"မင်းအလောင်းကိုမင်းအိမ်ကလူတွေတစ်စစီလိုက်မကောက်ရခင် ပါးစပ်ပိတ်လိုက်"

အိမ်ထဲလှမ်းဝင်လိုက်ရင်း ကြားရတဲ့အသံကြောင့် အလိုလိုနေရင်းမျက်ခုံးပင့်မိသွားသူက လရောင်လင်း ပါ။
ဧည့်ခန်းထဲရှိဆိုဖာမှာထိုင်နေရာမှ ထလိုက်သူကို အချိန်မီ လှမ်းခေါ်လိုက်ရသေးသည်။

"သူရိန်"

အမြဲတမ်းစကားနည်းတတ်သူပီပီ လှည့်ကြည့်ရုံသာကြည့်သောညီဖြစ်သူကိုကြည့်ရင်း
ပြောဖို့စကားကရုတ်တရက်ရှာမရပေ။
သူရိန်ကသူ့အခန်းရှိရာဆီ ဦးတည်လျှောက်သွားမှ နောက်ကနေလိုက်ခဲ့ရသည်။

"မင်းကအခုဘယ်ထိလိုက်သွားဦးမလို့လဲ?"

မေးသာမေးရပေမဲ့ဖြေမှာမဟုတ်တာသိနှင့်ပြီးသားပါ။

"မင်းကလဲစိတ်လေးဘာလေးလျှော့ဦးမှပေါ့သူရိန်ရာသူတို့လိမ်သွားတဲ့ငွေလောက်နဲ့ ငါတို့ကမွဲသွားမှာမှ မဟုတ်တာ"

"ငါကရော မွဲမှာကြောက်နေလို့လား?"

သူရိန်က ပြောချင်ရာပြောပြီး ရေချိုးခန်းထဲလှမ်းဝင်သွားလေသည်။
ခါးမှာပဝါအနက်ရောင်ပတ်ထားသောအရပ်မြင့်မြင့်မားမားနှင့်ညီဖြစ်သူကိုကြည့်ရင်း သူစကားလုံးရှာနေမိသည်။
ဒါပေမဲ့ သိနေပြီးသားပါ။ သူရိန်ထက်ဆိုသော ဒီညီကသူလုပ်ချင်တာကိုဇွတ်လုပ်တော့မှာပင်။

"သားငယ်ကထွားတယ်နော်" ဟုအားလုံးပြောရလောက်အောင် လူပျိုပေါက်အရွယ်ရောက်ကတည်းက
ကွာခြားခဲ့တာဖြစ်သည်။
လရောင်လင်း ကပြုံးပြုံးလေးနေတတ်ပြီး သဘောကောင်းသလောက်
သူရိန်ထက် ကတော့ ဂျစ်ကန်ကန် ပြန်မပြောနားမထောင်။
သူနဲ့ပတ်သက်တဲ့သူထိလို့်ကတော့ ယောကျာ်း မိန်းမ မရွေး တုန့်ပြန်ဖို့လဲဘယ်တုန်းကမှ
လက်မနှေးခဲ့သူ။
ရေကူးနှင့် တင်းနစ်ရိုက်တာ ဝါသနာပါတာကြောင့်လဲ လူကောင်ကဒီလောက်အထိထွားကျိုင်းနေတာ။
တွေးနေရင်းနှင့် အတိတ်တွေထဲစိတ်ကရောက်သွားတာဘယ်လောကကြာသွားသည်မသိ။

"လရောင် အဖေတို့မသိစေနဲ့နော် ငါဒီအိမ်မှာရှိနေသလိုပဲထားလိုက်"

ရင်ခွင်နန်းတော်Where stories live. Discover now