ရင်ခွင်နန်းတော် အပိုင်း(၅)
~~~~~~~~~~~~~~~~~~
သူရိန်ထက်
စာအုပ်ရဲ့အထဲဖက်စာမျက်နှာလေးမှာ သူ့နာမည်လေးထပ်ထိုးထားတာကိုတွေ့ရပြန်သည်။
"အမိုးတို့ကိုသတိရလိုက်တာဒီအိမ်လေးထဲမှာကျွန်တော်တစ်ယောက်တည်းပဲ ဘဝကိုအဆုံးသတ်ရတော့မယ်ထင်ပါရဲ့"
သူ့အမေတွေကိုတမ်းတနေတာပဲဖြစ်မည်။ ဒီအိမ်မှာသူတစ်ယောက်တည်းနေသည်လို့်ပြောထားဖူးသည်ပဲ
နောက်တစ်ရွက်လှန်လိုက်တော့
"၁၀တန်းတုန်းက ကျောင်းနေဖက်ကောင်မလေးနဲ့ ဒီနေ့ပြန်တွေ့တော့
သူကပြောတယ် ကျွန်တော့်ကိုချစ်ခဲ့တယ် တဲ့ ကျွန်တော်ဘာလို့သတိမထားမိခဲ့ပါလိမ့်
ပြီးတော့ ကျွန်တော် ဘာလို့ ဘာမှမခံစားရတာလဲ တကယ်ဆိုကျွန်တော်ကယောကျာ်းလေးပဲ
မိန်းကလေးတစ်ယောက်က အဲဒီလိုပြောတာတောင် ဘယ်လိုမှမနေဘူးဆိုတော့...
ကျွန်တော်က သာမန်မှဟုတ်ရဲ့လား"
"ရိုးသားလိုက်တာ ချာတိတ်ရယ်..."
ကျွန်တော်တိုးတိုးလေးရေရွတ်လိုက်မိသည်
တချို့သောစာရွက်များမှာ နေ့စဉ်ပြုလုပ်နေကျများကိုသာရေးထားလေသည်
ကျွန်တော်တစ်ရွက်ချင်းဖတ်နေရင်းသူကြယ်ပုံလေးတွေဆွဲထားသော စာရွက်လေးဆီအကြည့်ရောက်သွားသည်
"နောက် ၇ရက်ဆို ကျွန်တော့်အသက် ၂၀ပြည့်ပြီ အမိုးရေ...
အမိုးတို့ကိုမြုပ်နှံထားတဲ့နေရာလေးဆီ သားဒီနေ့ကျောင်းကပြန်ရောက်တာနဲ့လာခဲ့ပါ့မယ်"
အဲဒီနေ့ကသူ ကျွန်တော့်ကိုတွေ့ခဲ့တာဖြစ်မည်
ကျွန်တော် စိတ်လှုပ်ရှားစွာဖြင့်နောက်တစ်ရွက်ကိုလှန်လိုက်သည်
ချာတိတ် ကျွန်တော့်အကြောင်းများရေးထားလေမလား
"အမိုးတို့ကိုနှုတ်ဆက်ပြီးအပြန်မှာ လူတစ်ယောက်လဲနေတာကိုတွေ့ခဲ့တယ်
သူများကိုကူညီတာကောင်းတဲ့အလုပ်လို့ အမိုးတို့မှာထားတာကို သတိရပြီး