Part 5

1.4K 107 0
                                    

ရင်ခွင်နန်းတော်
အပိုင်း(၅)
~~~~~~~~~~~~~~~~~~

သူရိန်ထက်

စာအုပ်ရဲ့အထဲဖက်စာမျက်နှာလေးမှာ သူ့နာမည်လေးထပ်ထိုးထားတာကိုတွေ့ရပြန်သည်။

"အမိုးတို့ကိုသတိရလိုက်တာဒီအိမ်လေးထဲမှာကျွန်တော်တစ်ယောက်တည်းပဲ ဘဝကိုအဆုံးသတ်ရတော့မယ်ထင်ပါရဲ့"

သူ့အမေတွေကိုတမ်းတနေတာပဲဖြစ်မည်။ ဒီအိမ်မှာသူတစ်ယောက်တည်းနေသည်လို့်ပြောထားဖူးသည်ပဲ
နောက်တစ်ရွက်လှန်လိုက်တော့

"၁၀တန်းတုန်းက ကျောင်းနေဖက်ကောင်မလေးနဲ့ ဒီနေ့ပြန်တွေ့တော့
သူကပြောတယ် ကျွန်တော့်ကိုချစ်ခဲ့တယ် တဲ့ ကျွန်တော်ဘာလို့သတိမထားမိခဲ့ပါလိမ့်
ပြီးတော့ ကျွန်တော် ဘာလို့ ဘာမှမခံစားရတာလဲ တကယ်ဆိုကျွန်တော်ကယောကျာ်းလေးပဲ
မိန်းကလေးတစ်ယောက်က အဲဒီလိုပြောတာတောင် ဘယ်လိုမှမနေဘူးဆိုတော့...
ကျွန်တော်က သာမန်မှဟုတ်ရဲ့လား"

"ရိုးသားလိုက်တာ ချာတိတ်ရယ်..."
ကျွန်တော်တိုးတိုးလေးရေရွတ်လိုက်မိသည်

တချို့သောစာရွက်များမှာ နေ့စဉ်ပြုလုပ်နေကျများကိုသာရေးထားလေသည်

ကျွန်တော်တစ်ရွက်ချင်းဖတ်နေရင်းသူကြယ်ပုံလေးတွေဆွဲထားသော စာရွက်လေးဆီအကြည့်ရောက်သွားသည်
"နောက် ၇ရက်ဆို ကျွန်တော့်အသက် ၂၀ပြည့်ပြီ အမိုးရေ...
အမိုးတို့ကိုမြုပ်နှံထားတဲ့နေရာလေးဆီ သားဒီနေ့ကျောင်းကပြန်ရောက်တာနဲ့လာခဲ့ပါ့မယ်"

အဲဒီနေ့ကသူ ကျွန်တော့်ကိုတွေ့ခဲ့တာဖြစ်မည်

ကျွန်တော် စိတ်လှုပ်ရှားစွာဖြင့်နောက်တစ်ရွက်ကိုလှန်လိုက်သည်
ချာတိတ် ကျွန်တော့်အကြောင်းများရေးထားလေမလား

"အမိုးတို့ကိုနှုတ်ဆက်ပြီးအပြန်မှာ လူတစ်ယောက်လဲနေတာကိုတွေ့ခဲ့တယ်
သူများကိုကူညီတာကောင်းတဲ့အလုပ်လို့ အမိုးတို့မှာထားတာကို သတိရပြီး
ကျွန်တော်ဒီလူကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုအိမ်ထိရောက်အောင်မနည်း သယ်လာခဲ့ရတယ်။ အရပ်ကြီးကလဲရှည်လိုက်တာလွန်ရော...တစ်ကိုယ်လုံးလဲအနက်ရောင်တွေချည်းပဲဝတ်ထားသည်
လူကောင်းမှဟုတ်ရဲ့လားဟုတွေးလိုက်မိပေမဲ့ လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်လေဟုဖြေတွေးရသည်။
ရေစိုနေတဲ့အဝတ်အစားတွေကို ချွတ်ပေးနေတုန်း ကျွန်တော်လက်တွေတုန်နေမိတယ်။
ယောကျာ်းဆန်တဲ့ကိုယ်လုံးကျစ်ကျစ်ကို ကိုင်နေရတော့ ရင်တုန်မိသလိုလို...
သူ့ဘောင်းဘီရှည်ကိုချွတ်ပေးပြီး ကျွန်တော့ပုဆိုးကိုဝတ်ပေးလိုက်ရသည်
အောက်ခံကိုမချွတ်ပဲထားမလို့ပေမဲ့ရေစိုနေတာကတစ်ကြောင်း သူအနေကျပ်ရှာမှာပဲလို့လဲတွေးမိတာကြောင့်
စိတ်ကိုပြင်ဆင်ကာ ချွတ်ပေးလိုက်ရသည်။
ဒဏ်ရာတွေဆေးထည့်ပြီး သေချာကြည့်မိတော့...
သူ့အသားက ဖြူတာလဲမဟုတ် ညိုတာလဲမဟုတ်ပဲ တစ်မျိုးလေးဖြစ်နေသည်
ဆံပင်က အညိုရောင်လေးဖြစ်သည်။မျက်နှာထက်အုပ်ကွယ်နေသောဆံပင်အချို့ကို
ဖယ်လိုက်တော့ သူ့မျက်နှာကိုသေချာမြင်ရလေသည်။
ဘာပဲဖြစ်ဖြစ် သတိရလာရင်တော့ အဖော်ရတာပဲဟုတွေးမိသည်။
အမိုးတို့က ကျွန်တော်တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ အဖော်လွှတ်ပေးလိုက်တာထင်တယ် ဟုလဲ
တွေးမိလိုက်သေးသည်။
သူများဒုက္ခရောက်လာတာကိုသိသော်လည်း ကိုယ့်အဖော်ရမှာမို့ပျော်နေမိသည်။
ဒီညတော့သူ့ကိုပြုစုပေးရင်း မိုးလင်းရတော့မယ်ထင်ပါ့..."

ကိုယ့်အကြောင်းရေးထားတဲ့ ချာတိတ်ရဲ့ လက်ရေးလေးတွေဖတ်ပြီး
ကျွန်တော် ရင်တွေခုန်နေမိသည်။
"ဒါနဲ့များ ကို့ကိုဘာလို့ ကောင်းကောင်းမဆက်ဆံတာလဲကွာ။ကိုက ချာတိတ်ကိုတစ်သက်လုံး အဖော်ပြုပေးမှာပေါ့"
မချင့်မရဲရေရွတ်မိရင်း သူ့စာအုပ်လေးကိုပြန်သိမ်းပေးထားလိုက်သည်
ခေါင်းအုံးကိုမီရင်း ချာတိတ်ကို မွေးနေ့မှာ surprise လုပ်ပေးဖို့စိတ်ကူးနေမိသည်
တဖြည်းဖြည်း မျက်ခွံတွေလေးလာကာ အိပ်ပျော်သွားလေသည်
~~~~~~~~~~~

ပြည့်မင်းမြတ်

ဒီနေ့မြို့ပေါ်သွားကြဖို့ခေါ်တာတောင်မလိုက်ဖြစ်တော့ပဲအိမ်ကို ပြန်လာခဲ့သည်
ကျောင်းသားမိဘများ လက်ဆောင်ပေးသော ဟင်းသီးဟင်းရွက်အနည်းငယ်တော့ပါလာခဲ့သည်
အိမ်စိုက်ခင်းလေးထဲမှ ဟင်းသီးဟင်းရွက်များလက်ဆောင်ပေးကြသည်ကလဲ ရွာများ၏
ချစ်စဖွယ်ဓလေ့တစ်ခုပင်မဟုတ်ပါလား။ကျွန်တော် တစ်ယောက်တည်းနေရသည်ဟုသိကြသောကြောင့်လဲ ကိုယ့်ရွာသားချင်း
ခင်မင်စွာ ဖေးမကြသည့်သဘောလဲပါပေသည်။

အိမ်ထဲသို့လှမ်းဝင်လိုက်သည်နှင့် ဟိုလူ အိပ်ပျော်နေသည်ကိုတွေ့ရလေသည်။
စားပွဲပေါ်ကသူ့ပစ္စည်းများကိုကြည့်ရောကြည့်ရဲ့လားမသိ။
သူ့အိမ်ကလူတွေကတော့စိတ်ပူနေတော့မှာပဲ အမိုးတို့ဆို သူသူငယ်ချင်းတွေနဲ့
လျှောက်လည်ပြီးနည်းနည်းနောက်ကျရင်တောင် စိတ်ပူနေတတ်တာလေ...
သူကတော့ အပူအပင်ကင်းကင်းအိပ်နေလိုက်တာ
အေးလေ...သူကမှဘာမှမသိရှာတာပဲ

မီးဖိုထဲဝင်ပြီး ဟင်းချက်စရာများထားပြီး အခန်းထဲသို့ဝင်၍ အကျီင်္လဲလိုက်သည်
ကျွန်တော်ပြန်လာတာတောင်မနိုးဘူးဆိုတော့ ပြန်ဖျားနေတာလားဟု
စမ်းကြည့်ရန်သူ့အနားသွားလိုက်သည်

ကျွန်တော့်သူ့နဖူးကိုစမ်းကြည့်ရန် လက်ကိုအနားတိုးလိုက်တော့
ရုတ်တရက် သူ ကွန်တော့်လက်ကိုလှမ်းဆုတ်ကိုင်လိုက်တာကြောင့်လန့်သွားမိသည်
"အမိုးရေ..."
သူ့မျက်လုံးဖျတ်ခနဲပွင့်လာသည်
"ဟာ...ချာတိတ် ဆောရီးကွာ...ဘယ်တုန်းကရောက်နေလဲ...လန့်သွားလား"
"ခင်ဗျား ဖျားနေတာထင်လို့"
"ဒါနဲ့ မေးရဦးမယ်"
ကျွန်တော်သူ့ကိုမော့ကြည့်ပြီး လက်ကိုရုန်းလိုက်သည်
သူကလွှတ်မပေးပါ
"ကို့ ကို အကျီင်္ပေးဝတ်ဖို့အစီအစဉ်မရှိဘူးလား"
"ဘာဗျ...ကျွန်တော့အကျီင်္ကခင်ဗျားနဲ့မှမတော်တာ"
ကျွန်တော်ဒုတိယအကြိမ်လက်ကိုရုန်းတော့မှ သူလွှတ်ပေးသည်
"စတာပါကွာ...ချာတိတ်ကလဲ...ဒါဆိုလဲကိုယ့်အကျီင်္တွေခြောက်ပြီလား ကြည့်ပေးပါဦး"
ကျွန်တော် ထထွက်သွားမလို့ပြင်တော့
"ချာတိတ်"
"ဘာလဲဗျ"
ကျွန်တော် ပြန်လှည့်ကြည့်တော့
သူကသူ့အောက်ပိုင်းကို လက်ညှိုးထိုးပြသည်
"ခင်ဗျားနော်...."
~~~~~~~~~~~~~~~~~~

ရင်ခွင်နန်းတော်Where stories live. Discover now