ရင်ခွင်နန်းတော် အပိုင်း(၃)
~~~~~~~~~~~~~
~~~သူရိန်ထက်~~~~~
"ခင်ဗျားကအတိတ်မေ့သွားတာလား?အဲဒီလိုတော့ဘယ်ဖြစ်မလဲဗျ..ကျွန်တော်ကတစ်ယောက်တည်းနေတာလေ ကျွန်တော့်ဘာသာတောင်မနည်းနေနေရတာ
တခြားလူတစ်ယောက်ကိုဘယ်လိုလုပ်တာဝန်ယူရမှာလဲ?"
ရှပ်ပျာပျာပုံစံလေးနှင့်စကားတွေတရစပ်ပြောပြီး ကျွန်တော့်လက်ထဲမှရေခွက်ကိုယူ၍
သူ့ဘာသာရေထည့်သောက်နေသည်
ကောင်လေးက အသားဖြူဖြူနုနုလေးဖြစ်သည် အသက်ကကျွန်တော့်ထက်
တော်တော်ငယ်မည့်ပုံပေ နှုတ်ခမ်းရဲရဲလေးများကအခုရေသောက်ထားတော့ရဲရဲစိုစိုလေး
ဖြစ်နေသည် အနည်းငယ်စိတ်လှုပ်ရှားသွားသဖြင့် မျက်နှာလေးများကလဲ ခပ်ရဲရဲလေးဖြစ်နေလေသည်
ကျွန်တော်လဲဘာမှမပြောရသေးပါပဲ သူထင်ရာသူပြောနေသော ကောင်လေးကိုကြည့်ကာ
ကျွန်တော့်စိတ်ထဲပျော်မိသလိုလို ရင်ခုန်မိသလိုလို ဘာမှန်းမသိ
သူ့ဘာသူထင်ချင်ရာထင်သွားလဲကောင်းတာပဲလေ ကျွန်တော် ဘာမှရှင်းပြနေစရာမလိုတော့ဘူးပေါ့
"ခင်ဗျားကပြုံးနိုင်သေးတယ်လား?"
ရုတ်တရက်သူမေးလိုက်တော့ ကျွန်တော်ရယ်ချင်မိသွားသည်
သို့သော် သူ့ကို နောက်ချင်သဖြင့်ရုပ်တည်နဲ့ပဲ ပြန်ပြောလိုက်သည်
"နေစမ်းပါဦး...မင်းကအသက်ဘယ်လောက်မို့လို့လဲကွ?"
"အသက်? ဘာလုပ်မလို့လဲဗျ ခင်ဗျားကအတိတ်မေ့နေတာဆို
ပြောတော့ရောဘာထူးမှာလဲ?"
"ဘာပဲဖြစ်ဖြစ် မင်းပုံစံက ကိုယ့်ထက်ငယ်တဲ့ပုံမို့လို့မေးကြည့်တာပါ"
ကံကောင်းလို့ပေါ်တော့မလို့...ဟူး....ကိုယ့်အတွေးနှင့်ကိုပြုံးမိပြန်သည်
သူကတော့ဘာတွေတွေးနေသည်မသိ ငြိမ်နေလေသည်
"ချာတိတ်"