ရင်ခွင်နန်းတော် အပိုင်း(၁၀)
~~~~~~~~~~~~~~~~
ပြည့်မင်းမြတ်
"ကိုယ်ပြန်ရတော့မယ်" သူကပြောပြီး ဟိုဘက်လှည့်သွားလေသည်။
ဒါ...ဒါဆို ကျွန်တော်ကရော....
အရင်ကအတိုင်းတစ်ယောက်ထဲနေခဲ့ရမှာလား?
အင်းလေ...သူ့အတွက်တော့ ဒီလိုနယ်မြို့လေးမှာနေတာကဘာအဓိပ္ပါယ်ရှိမှာလဲ။
သူ့ဆုံးဖြတ်ချက်မှန်ပါတယ်။ ကျွန်တော် သူ့ကို ကျွန်တော့်အနားမှာ တစ်သက်လုံးနေစေချင်ပေမဲ့ သူ့အတွက်ကိုတွေးပြီး လွှတ်ပေးနိုင်ရမယ်လေ။
ဒါမှလဲ...ကျွန်တော်သူ့ကိုတကယ်ချစ်ရာရောက်မယ်မလား?
ငိုဖို့မရည်ရွယ်ပါဘဲ မျက်ရည်တွေက ပါးပြင်ထက်ကိုစီးကျလာသည်။
သူက ရေလေးတွေကို ခြေထောက်နဲ့မထိတထိ လုပ်နေရင်းပြန်လှည့်လာသည်။
"ကိုယ်ပြောချင်တာကလေ.... ဟင်... ချာတိတ်...ငိုနေတာလား?"
သူပျာပျာသလဲအနားရောက်လာကာ ကျွန်တော့်မျက်နှာကိုမော့ယူပြီး မျက်ရည်သုတ်ပေးလေသည်။
ကျွန်တော် သူ့လက်တွေကို အသာဖယ်လိုက်ကာ
"ကိုကြီးပြန်မယ်ဆိုရင်လဲပြန်ပါ...ကျွန်တော့်ကိုတစ်ယောက်တည်း မနေတတ်တော့အောင်တော့မလုပ်ပါနဲ့"
ပြောပြီး ထပ်ကျလာသောမျက်ရည်တွေကို လက်နှင့်ခပ်ကြမ်းကြမ်း ပွတ်ပစ်လိုက်သည်။
ကျွန်တော် ထထွက်သွားမလို့လုပ်တော့သူက အားနှင့်ဆွဲလိုက်တာကြောင့် ကျွန်တော့်လူကောင်သေးသေးလေး သူ့ပေါင်ပေါ်ထိုင်လျက်သားဖြစ်သွားသည်။
"ချာတိတ်ကွာ...."
သူက အသည်းယားသလိုခေါ်ရင်း ကျွန်တော့်နှုတ်ခမ်းကိုနွေးထွေးမှုတွေပေးပြန်သည်။
ကျွန်တော်မငြင်းနိုင်ပါ။ ဒါသည်ပဲ သူ့ထံမှနောက်ဆုံးနှုတ်ဆက်အနမ်းလေလား။
ကျွန်တော့်မျက်လုံးတွေကိုမှိတ်ချလိုက်တော့ဝေ့နေသည့်မျက်ရည်တွေက သူ့ပါးပြင်ပေါ်အထိ ကျသွားလေသည်။
![](https://img.wattpad.com/cover/182018314-288-k76019.jpg)