ရင်ခွင်နန်းတော် အပိုင်း(၁၁)
~~~~~~~~~~~~~~~~~~~~~~~
ပြည့်မင်းမြတ်
ကိုကြီးက ကျွန်တော့်ပါးကို ဖွဖွလေးစနမ်း သည်။
ဒါပေမဲ့ ခါတိုင်းနှင့်မတူ တစ်မျိုးထူးခြားနေသည်။ ပြီးတော့ နဖူးလေး...
ကိုကြီးက ကျွန်တော့်ပေါ်မှစီးမိုးလာကာ အကြာကြီးငုံ့ကြည့်နေသည်။
ကျွန်တော် ကိုကြီးအကြည့်တွေကိုရင်မဆိုင်ရဲ။ ကျွန်တော့်ရင်တွေတဒိန်းဒိန်းခုန်နေတာကို
ကိုကြီး ကြားသွားမှာ စိုးရိမ်နေမိသည်။ ဒါကြောင့်မျက်နှာလေးကို တခြားဘက်လှည့်ထားမိသည်။"ချာတိတ်"
ကိုကြီးက လေသံလေးနှင့်ခေါ်ပြီး ကျွန်တော့်မေးစေ့လေးကို ဖွဖွကိုင်ကာ သူ့ဘက်လှည့်ခိုင်းသည်။
ကျွန်တော် ကိုကြီးမျက်နှာကို တစ်ချက်ကြည့်ကာ မျက်လွှာပြန်ချမိပြန်သည်။
ကိုကြီးက ခပ်ဖွဖွရယ်ကာ ကျွန်တော့်လက်ကလေးကိုဆွဲယူလိုက်ပြီး သူ့ရင်ဘတ်ပေါ်တင်လိုက်သည်။
"ချာတိတ်...ကိုကြီး ရင်တွေခုန်နေတယ်။ သိလား"
သူ့နှလုံးခုန်သံ တဒုတ်ဒုတ်က ကျွန်တော့်လက်ဖဝါးလေးကိုလာပြီး နွေးထွေးနေစေသလိုလို။
ကိုကြီးက ကျွန်တော့်အင်္ကျီကြယ်သီးလေးတွေကို ဖွဖွကိုင်ကာဆော့နေသည်။
ပြီးတော့ ပထမဆုံးအလုံးကိုစဖြုတ်လေသည်။
နောက်ထပ်...နောက်ထပ်...
ကျွန်တော် ကိုကြီး လက်ကိုဖမ်းဆုပ်လိုက်သည်။
"ကိုကြီး...."
သူကမော့ကြည့်လာသည်။
ပြီးတော့ ကျွန်တော့်ရဲ့နှုတ်ခမ်းလေးတွေကို မက်မက်မောမောနမ်းလေသည်။
ကျွန်တော့်လက်တွေ ပြေလျော့သွားသည်။ ကျွန်တော့်နှုတ်ခမ်းတွေပေါ် ရမ်းကားနေသော ကိုကြီးနှုတ်ခမ်းလေးတွေ ကွေးညွှတ်သွားသလိုပါ။
ကိုကြီးပြုံးလိုက်တယ်ထင်ပ။
ကိုကြီး နှင့် ကျွန်တော် မျက်နှာချင်း ခွာလိုက်ချိန်မှာ ကျွန်တော်တုန်ရီမောဟိုက်နေသည်။
![](https://img.wattpad.com/cover/182018314-288-k76019.jpg)