ရင်ခွင်နန်းတော်
အပိုင်း(၁၃)
......................................
ပြည့်မင်းမြတ်
ကိုကြီးအဖေက လှေကားမှဆင်းလာကာအနားကိုလျှောက်လာလေသည်။
"မင်းလွန်လှချည်လားကွ"
ကိုကြီးအဖေက ပြောပြီးသည်နှင့်လက်ရွယ်ကာ ထိုးချလိုက်လေသည်။
ကျွန်တော်မျက်လုံးကိုမှိတ်ချလိုက်လေသည်။
သွားပြီ....
ဟင်....ဘာသံမှမကြားရပါလား
ကျွန်တော်မရဲတရဲနှင့်ပြန်မော့ကြည့်မိတော့
ကိုကြီးတို့သားအဖကတစ်ယောက်နှင့်တစ်ယောက်ဖက်နေတာဖြစ်သည်။
"အဖေလုပ်တာနဲ့ သူလန့်သွားပြီဗျ"
သူတို့သားအဖပြန်ခွာလိုက်ပြီးတော့မှ ကိုကြီးကပြောလေသည်။
နောက်နေကြတာတဲ့လား....ကိုကြီးနောက်တာတောင်တော်တော်ဆိုးလှပြီထင်နေတာ
သူတို့တစ်အိမ်လုံးက နောက်တတ်တယ်တဲ့လား....
ဘုရား...ဘုရား....ကြာရင် ရင်တုန်ရတာနဲ့သေမှာပဲ...
"ဟားဟား....အဖေပြောတာမှားလို့လားကွ...မင်းပြန်လာတာတောင်ကောင်းလှပြီကို
နောက်တစ်ယောက်ပါပါတယ်ဆိုတော့..."
ကိုကြီးရဲ့အကိုက ပြန်ထွက်လာကာ
"ဟုတ်တယ်...ညီလေးရေ...အဖေက သူ့သားမနိုင်မနင်းကြီးကို လက်လွှဲချင်နေတာ"
"ဟာကွာ...လရောင်ကလဲ" ကိုကြီးကသူ့အကြောင်းပြောတော့နည်းနည်းရှက်သွားသလိုပါ
"အဖေ...သူ့နာမည်က ပြည့်မင်းမြတ် တဲ့" ကိုကြီးကမိတ်ဆက်ပေးလေသည်။
"အင်း...လိမ္မာမဲ့ပုံမျိုးလေးပါပဲ...မင်းနဲ့တော့ကွာပ....မောင်ရင်လဲလွတ်လွတ်လပ်လပ်နေနော် ဘာမှအားမနာနဲ့"
သူ့သားကိုစနောက်နေရင်း ကျွန်တော့်ဘက်လှည့်ပြောတော့
ကျွန်တော် ပြန်ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပါသည်။
အခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်....ဟူး...
"အဖေ...မနက်စာစားလို့ရပါပြီ"