ရင်ခွင်နန်းတော် အပိုင်း(၂)
~~~~~~~~~~~~~~~~~
အောက်သို့ပြုတ်ကျသွားသည့်ခံစားမှုတစ်ခုကြောင့် ရုတ်တရက်ထလိုက်မိသည်
ဘယ်ဘက်ပခုံးမှ မခံမရပ်နိုင်အောင်နာကျင်မှုကြောင့်
"အား..." သူအော်လိုက်မိသည်
မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ သူအံ့သြသွားသည်
သူပျဉ်ထောင်အိမ်လေး တစ်လုံးထဲသို့ရောက်နေလေသည်
ပတ်ဝန်းကျင်မှလဲ ကျေးငှက်များအသံမှအပ မည်သည့်လူသံမှ
မကြားရ
သူပြန်စဉ်းစားကြည့်မိသည်
သူတို့လူစုဟိုလူတွေဆီသို့လာခဲ့ကြသည်
~~~~~~~~~~~~
"သူတို့နယ်မြေနားရောက်နေပြီ သတိထားကြဦး" သူရိန်ထက် သူ့လူများကိုလှမ်းမှာလိုက်သည်
"ဟုတ်"
ယခုအချိန်တွင်အဆက်အသွယ်မပြတ်ရန်အရေးကြီးသောကြောင့်
ဖုန်းများကို စပီကာဖွင့်ထားပြီးပြောနေကြတာလဲဖြစ်သည်
ကားလမ်းဘေးတစ်ဖက်တစ်ချက်တွင်သစ်ပင်ကြရှိနေသည်မှလွဲ၍
ကားအသွားအလာရှင်းလျက်ရှိသည်
လမ်းကိုဂရုစိုက်၍ သတိနှင့်မောင်းလာကြသည်
ရုတ်တရက် သူရိန်ထက်၏ကားရှေ့သို့ ကားတစ်စီးကန့်လန့်ဖြတ်ပိတ်ရပ်လိုက်သည်
သတိထားနေခဲ့တာမို့ အချိန်မီဘရိတ်အုပ်လိုက်နိုင်ခဲ့သည်
တစ်ဖက်ကားပေါ်မှ လူ ၆ယောက်ခန့်ဆင်းလာပြီး သူ့ကားရှိရာသို့လျှောက်လာကြသည်
သူ့လူများလည်းကားအမြန်ရပ်ကာ နောက်သို့ပြေးလာကြသည်
သူရိန်ထက်ကားပေါ်မှဆင်းကာ ထိုလူကို အထင်သေးစွာကြည့်၍ မဲ့လိုက်သည်
"တော်တော်သတ္တိကောင်းပါလားကွ" ထိုလူထံမှစကားသံထွက်လာလေသည်
"ငါကသူခိုးမှမဟုတ်တာ...ဘယ်သူ့ကြောက်ရမှာလဲ" သူရိန်ထက်တုန့်ပြန်လိုက်တော့
ထိုသူမျက်နှာပျက်သွားသည်
"ဘာကွ..." ရှူးရှူးရှားရှားနှင့်ပြေးဝင်လာကာ လက်သီးနှင့်ထိုးလေသည်
သူရိန်ကမျက်နှာကိုငဲ့ရှောင်လိုက်ကာ တုန့်ပြန်လိုက်သည်
ခွပ်ခနဲအသံနှင့်အတူ ထိုသူ၏မျက်နှာနောက်သို့လန်ကျသွားပြီး
နှာခေါင်းမှသွေးများ ကျလာသည်
"ချကွာ.." ထိုသူ၏အမိန့်ပေးသံဆုံးသည်နှင့်သူ့လူများလှုပ်လှုပ်ရှားရှားဖြစ်ကာ
စတင်တိုက်ခိုက်ကြသည်
သူရိန်ထက်တို့တစ်ဖွဲ့လုံး ကိုယ်ခံပညာကိုစနစ်တကျပုံမှန်လေ့ကျင့်ထားကြသဖြင့်
တစ်ဖက်လူများအထိနာကြသည်
သူရိန္ထက္က အေဖ့လူယံုဆိုသူကို အက်ီၤရင္ဘတ္စမွဆြဲကာ
"ခိုးပြီးရင်လဲငြိမ်ငြိမ်နေ...လူပါးထပ်မဝနဲ့...စကားများတဲ့မင်းပါးစပ်ကိုအပြီးပိတ်ပေးလိုက်မယ်"
ထိုလူထံမှကောက်ကျစ်သောရယ်သံမျိုးထွက်လာလေသည်
သူတို့အဖွဲ့သဘောပေါက်လိုက်ပါပြီ
ထိုကားထွက်လာရာဘက်သို့ကြည့်လိုက်တော့
လှုပ်ရှားမှုအချို့တွေ့ရသည်
အချို့လူများမှာဓားများကိုင်ထားပြီး တချို့နေရာမှ ဓားရောင်များကိုပင်မြင်ရလေသည်
လောလောဆယ်သူတို့နားတွင်သူရိန်ထက်၏ကားသာရှိသည်
လက်နက်အများစုက သူ့လူများ၏ကားထဲတွင်ဖြစ်သည်
သူရိန် သူ့အယုံကြည်ရဆုံးတပည့်၏အနားသို့ကပ်လိုက်သည်
"ငါ့ကားထဲကလက်နက်တွေယူပြီးနိုင်သလောက်ခုခံကြ..ငါအယောင်ပြပြေးမယ်" သူတိုးတိုးပြောလိုက်တော့ သူ့တပည့်ကမော့ကြည့်သည်
"ဆရာ ဒီလိုလုပ်ဖို့မလိုပါဘူး ကျွန်တော်တို့ကဆရာ့အတွက်ဆို..."
"တော်ပြီ...ငါပြောသလိုလုပ်...ငါနဲ့ရန်ငြိုးရှိတာဆိုတော့တော်တော်များများငါ့နောက်လိုက်ကြလိမ့်မယ်
ငါ့လူတွေတစ်ယောက်မှမထိခိုက်စေနဲ့ မင်းကိုငါတာဝန်ပေးတယ်"
အမိန့်ဆိုတော့လဲမငြင်းဆန်နိုင်ပါ
သူရိန်ထက် ကားလမ်းတစ်ဖက်ရှိအပင်များကြားထဲသို့တစ်ဟုန်ထိုးပြေးဝင်သွားသည်
တစ်ဖက်လူများနှင့်ပုန်းအောင်းနေသူများပါထွက်လာကာ သူရိန်ထက်နောက်သို့ပြေးလိုက်သွားကြသည်
ထိုအခါကျမှသူရိန်၏လက်ထောက်ကကျန်လူများကိုလက်နက်များယူရန်မှာကြားကာ နောက်မှအပြေးလိုက်ခဲ့ကြသည်
ကိုယ်မကျွမ်းကျင်သည့်အရပ်မို့ပြေးသာပြေးနေရသော်လည်းခရီးမတွင်ပေ
မကြာမီ မျက်စိရှေ့တွင်လမ်းကဆုံးသွားပြီး ရေတံခွန်တစ်ခုပေါ်လာသည်
"ဆက်ပြေးဦးလေကွ"
ကျောနောက်ဆီမှ ခနဲ့တဲ့တဲ့ အသံဝင်လာသဖြင့် ရင်ဆိုင်ရန်နောက်လှည့်လိုက်သည်
ထိုစဉ် ဓားချက် တစ်ချက်ဝင်လာသဖြင့် အလျင်အမြန်ရှောင်လိုက်ရာပခုံးကိုလှပ်ထိသွားသည်
တစ်ဆက်တည်း ခေါင်းပေါ်သို့ ရိုက်ချက်တစ်ချက်ကျလာကာ လူကမူးဝေသွားသည်
အစွန်းနားတွင်ရပ်နေသဖြင့် နောက်သို့ယောင်ယမ်းဆုတ်လိုက်တော့
ခြေလွတ်လက်လွတ်ပြုတ်ကျလေသည်
"ဆရာ..." သူ့လူများ၏အော်သံကိုတစ်ချက်ကြားလိုက်ရသည်
ထို့နောက် သူ့ခန္ဓာကိုယ်နှင့်ရေပြင်ထိသွားကာ ကြမ်းသောရေအလျင်တွင်သူမျောပါသွားတော့သည်
မူးဝေနေသော်လည်းသူသတိမလစ်ပါ တတ်နိုင်သလောက် အားစိုက်၍ကူးနေမိသည်
ဓားဒဏ်ရာမှလဲသွေးများထွက်လာလေသည် သူအားရှိသရွေ့ကူးနေသော်လည်း
ရေစီးကိုအံမတုနိုင်ပဲဖြစ်နေသည်
နောက်ဆုံးသူစိတ်လျှော့လိုက်ချိန်တွင်တော့ လောကကြီးနှင့်သူအဆက်အသွယ်ပြတ်သွားလေသည်
~~~~~~~~~~~
အဖြစ်အပျက်များကိုဆက်စပ်ကြည့်ပြီးသူ ခေါင်းကိုစမ်းကြည့်လိုက်တော့အဝတ်စတစ်ခုကိုစမ်းမိလေသည်
သူခေါင်းလဲကွဲသွားသည်လား
အပေါ်ပိုင်းဗလာဖြစ်နေပြီးပတ်တီးစည်းထားသည်အောက်ပိုင်းမှာတော့သူဝတ်လာသည့်
ဘောင်းဘီအနက်ရောင်အစား ပုဆိုးလေးတစ်ထည်ကိုဝတ်ပေးထားသည်
အိမ်အဝင်ဘက်ဆီမှခြေသံကြားသဖြင့် သူလှမ်းကြည့်နေလိုက်သည်
မကြာမီ ကောင်လေးတစ်ယောက်အိမ်ထဲသို့ဝင်လာကာ သူရှိရာသို့လျှောက်လာသည်
"အကိုသတိရလာပြီလား...ကျွန်တော်ကစိတ်ပူနေတာ"စကားပြောရင်းနှင့် သူရိန့်နဖူးကိုစမ်းကြည့်သည်
"ကိုယ်ပူကျသွားပြီပဲ"ပြောပြီးတာနှင့်သူရိန့်နားထိုင်ချကာ ရေတစ်ခွက်ငှဲ့ထည့်ပြီးကမ်းပေးလေသည်
သူရိန်လဲလှမ်းယူလိုက်ပြီးထိုကောင်လေးကိုစိုက်ကြည့်နေမိသည်
"အကို့နာမည် ဘယ်လိုခေါ်လဲဟင်? ဘာတွေဖြစ်ထားတာလဲ" သူကမေးပြီးအဖြေကိုစောင့်သည့်သဘော
ဖြင့် သူရိန့်မျက်နှာကိုလှမ်းကြည့်နေသည်
"မသိဘူး"
"ဗျာ...ဒါ...ဒါဆို"
~~~~~~~~~~~~~~~~~