Part 11

1.4K 104 0
                                    

ရင်ခွင်နန်းတော်
အပိုင်း(၁၁)
~~~~~~~~~~~~~~~~~~~~~~~

ပြည့်မင်းမြတ်

ကိုကြီးက ကျွန်တော့်ပါးကို ဖွဖွလေးစနမ်းလေသည်။
ဒါပေမဲ့အခါတိုင်းနှင့်မတူ တစ်မျိုးထူးခြားနေလေသည်။ ပြီးတော့ နဖူးလေး...
ကိုကြီးက ကျွန်တော့်ပေါ်မှစီးမိုးလာကာ အကြာကြီးငုံ့ကြည့်နေသည်။
ကျွန်တော် ကိုကြီး အကြည့်တွေကိုရင်မဆိုင်ရဲ... ကျွန်တော့်ရင်တွေတဒိန်းဒိန်းခုန်နေတာကို
ကိုကြီး ကြားသွားမှာစိုးရိမ်နေမိသည်။ ဒါကြောင့်မျက်နှာလေးကို တခြားဘက်လှည့်ထားမိသည်။
"ချာတိတ်...."
ကိုကြီး ကလေသံလေးနှင့်ခေါ်ပြီး ကျွန်တော့်မေးစေ့လေးကိုဖွဖွကိုင်ကာ သူ့ဘက်လှည့်ခိုင်းသည်။
ကျွန်တော် ကိုကြီး မျက်နှာကို တစ်ချက်ကြည့်ကာ မျက်လွှာပြန်ချမိပြန်သည်။
ကိုကြီးက ခပ်ဖွဖွရယ်ကာ ကျွန်တော့်လက်ကလေးကိုဆွဲယူကာ
"ချာတိတ်.... ကိုကြီး ရင်တွေခုန်နေတယ် သိလား" သူ့ရင်ဘတ်ပေါ်တင်ပေးလေသည်။
သူ့နှလုံးခုန်သံ တဒုတ်ဒုတ်က ကျွန်တော့်လက်ဖဝါးလေးကိုလာပြီး နွေးထွေးနေစေသလိုလို
ကိုကြီးက ကျွန်တော့်အင်္ကျီကြယ်သီးလေးတွေကို ဖွဖွကိုင်ကာဆော့နေသည်။
ပြီးတော့ ပထမဆုံးအလုံးကိုစဖြုတ်လေသည်...နောက်ထပ်....နောက်ထပ်...
ကျွန်တော် ကိုကြီး လက်ကိုဖမ်းဆုပ်လိုက်သည်။
"ကိုကြီး...."သူကမော့ကြည့်လာသည်။
ပြီးတော့ ကျွန်တော့်ရဲ့နှုတ်ခမ်းလေးတွေကို မက်မက်မောမောနမ်းလေသည်။
ကျွန်တော့်လက်တွေပြေလျော့သွားသည်။ ကျွန်တော့်နှုတ်ခမ်းတွေပေါ် ရမ်းကားနေသော
ကိုကြီးနှုတ်ခမ်းလေးတွေ ကွေးညွှတ်သွားသလိုပါ။ကိုကြီးပြုံးလိုက်တယ်ထင်ပ....
ကိုကြီး နှင့် ကျွန်တော် မျက်နှာချင်းခွာလိုက်ချိန်မှာ ကျွန်တော်တုန်ရီမောဟိုက်နေသည်။
ရင်ဘတ်ထဲ လိပ်ပြာလေးတွေ ဝဲပျံနေသလိုလို....
ကြည်နူးလှိုက်မောရင်း...
ကျွန်တော်ခေါင်းလေးစောင်းလိုက်တော့ ကိုကြီးက ကျွန်တော့လည်ပင်းလေးကိုနမ်းသည်။
ပြီးတော့ သွေးစုပ်ဖုတ်ကောင်လေးလို.....
~~~~~~~~~~~~~~~~~~~~~~~~~~~
သူရိန်ထက်

ကျွန်တော် သူ့လည်ပင်းလေးက အနီကွက်လေးကြည့်ပြီး ပြုံးမိပြန်သည်။
နှုတ်ခမ်းတွေနဲ့ခပ်ဖွဖွ ပြန်နမ်းလိုက်ရင်း
"နာသွားလား ချာတိတ်" ခေါင်းလေးကို ဖြည်းဖြည်းခါပြလေသည်။
ကျွန်တော် အသည်းယားလာကာ သူ့နားရွက်လေးကို ခပ်ဖွဖွ ကိုက်လိုက်တော့
ဘေးက ခေါင်းအုံးပေါ်တင်ထားတဲ့ သူ့လက်လေးတွေ ခေါင်းအုံးကို ပိုဖိဆုပ်ထားလေသည်။
ကျွန်တော် သူ့အင်္ကျီကို အပြီးထိ ကြယ်သီးဖြုတ်လိုက်သည်။
သူ့အသားဖွေးဖွေးလေးတွေပေါ်လာတော့ ရင်ခုန်နှုန်းတွေနှစ်ဆမြန်သွားသည်။
ချာတိတ်အတွက် ပထမဆုံးဖြစ်သဖြင့် ကျွန်တော်သတိထားရပေမည်။
သူ့လက်ကလေးနှစ်ဖက်ကိုယူကာ ကျွန်တော့်ကို ဖက်ထားခိုင်းလိုက်သည်။
"ချာတိတ်..." မျက်နှာနီနီလေးနှင့်သူကမော့ကြည့်လာသည်။
"ချာတိတ်...ကိုကြီးကို ဖက်ထားနော် ကိုကြီး ပခုံးတွေ ကျောကုန်းတွေ ချာတိတ်ကို
အပိုင်ပေးထားတယ်"
ထို့နောက်....သူ့ရင်ခွင်တံခါးလေးကိုခပ်ဖွဖွခေါက်ကာ သူ့ဘဝလေးထဲကျွန်တော်ချဉ်းနင်းဝင်ရောက်လိုက်တော့သည်။
~~~~~~~~~~~~~~~~~
သူရိန်ထက်

ရင်ခွင်နန်းတော်Where stories live. Discover now