ရင်ခွင်နန်းတော်
အပိုင်း(၁၃)
......................................
ပြည့်မင်းမြတ်ကိုကြီးအဖေက လှေကားမှဆင်းလာကာအနားကိုလျှောက်လာလေသည်။
"မင်းလွန်လှချည်လားကွ"
ကိုကြီးအဖေက ပြောပြီးသည်နှင့်လက်ရွယ်ကာ ထိုးချလိုက်လေသည်။
ကျွန်တော်မျက်လုံးကိုမှိတ်ချလိုက်လေသည်။
သွားပြီ....ဟင်....ဘာသံမှမကြားရပါလား
ကျွန်တော်မရဲတရဲနှင့်ပြန်မော့ကြည့်မိတော့
ကိုကြီးတို့သားအဖကတစ်ယောက်နှင့်တစ်ယောက်ဖက်နေတာဖြစ်သည်။"အဖေလုပ်တာနဲ့ သူလန့်သွားပြီဗျ"
သူတို့သားအဖပြန်ခွာလိုက်ပြီးတော့မှ ကိုကြီးကပြောလေသည်။
နောက်နေကြတာတဲ့လား....ကိုကြီးနောက်တာတောင်တော်တော်ဆိုးလှပြီထင်နေတာ
သူတို့တစ်အိမ်လုံးက နောက်တတ်တယ်တဲ့လား....
ဘုရား...ဘုရား....ကြာရင် ရင်တုန်ရတာနဲ့သေမှာပဲ..."ဟားဟား....အဖေပြောတာမှားလို့လားကွ...မင်းပြန်လာတာတောင်ကောင်းလှပြီကို
နောက်တစ်ယောက်ပါပါတယ်ဆိုတော့..."
ကိုကြီးရဲ့အကိုက ပြန်ထွက်လာကာ
"ဟုတ်တယ်...ညီလေးရေ...အဖေက သူ့သားမနိုင်မနင်းကြီးကို လက်လွှဲချင်နေတာ"
"ဟာကွာ...လရောင်ကလဲ" ကိုကြီးကသူ့အကြောင်းပြောတော့နည်းနည်းရှက်သွားသလိုပါ
"အဖေ...သူ့နာမည်က ပြည့်မင်းမြတ် တဲ့" ကိုကြီးကမိတ်ဆက်ပေးလေသည်။
"အင်း...လိမ္မာမဲ့ပုံမျိုးလေးပါပဲ...မင်းနဲ့တော့ကွာပ....မောင်ရင်လဲလွတ်လွတ်လပ်လပ်နေနော် ဘာမှအားမနာနဲ့"
သူ့သားကိုစနောက်နေရင်း ကျွန်တော့်ဘက်လှည့်ပြောတော့
ကျွန်တော် ပြန်ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပါသည်။
အခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်....ဟူး..."အဖေ...မနက်စာစားလို့ရပါပြီ"
ကိုကြီးရဲ့မရီးနှင့်ညီမက နောက်ဖက်မှထွက်လာကာ လာပြောလေသည်။
"ချစ်ရေ....ဒီညီလေးကို အရင်ဧည့်ခံလိုက်ပါ...ကိုတို့စကားခဏပြောလိုက်ဦးမယ်"
"လာ...မောင်လေး...ဆာနေရောပေါ့..."
ကျွန်တော် ဗိုက်တော့မဆာပါ ဒါပေမဲ့ ကြည့်ရတာ သူတို့သားအဖချင်း
ပြောစရာရှိနေပုံပဲမို့ လိုက်လာခဲ့လိုက်သည်။
"မောင်လေး...စားတော့မလား...ဘာစားမလဲ"
ထမင်းစားပွဲပေါ်မှာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကော်ဖီနှင့်မုန့်များရှိနေပါသည်။
ဒါပေမဲ့ သူစိတ်ဝင်စားတာက ကိုကြီးအကြောင်းဖြစ်နေသည်။
သူ ကိုကြီး အကြောင်း စပ်စုကြည့်ရဦးမည်။
"ဒီတိုင်းပဲ စကားပြောရင်းထိုင်စောင့်လို့ရလား...အစ်မ"
ကျွန်တော်ပြောလိုက်တော့ ဟိုအစ်မကလဲနားလည်ပုံရပါသည်။
"အင်း...ထိုင်လေ...မောင်လေး...သူရိန့်အကြောင်းမေးချင်နေတာထင်တယ်"
ကျွန်တော်ပြုံးပြုံးလေးပဲခေါင်းညိတ်ပြလိုက်မိပြန်သည်။
ဒီနေ့မှပဲစကားတွေရှားပါးနေသလိုလို...
"အစ်မက ကိုလရောင်နဲ့အိမ်ထောင်ကျမှရောက်တာပေမဲ့ ငယ်ငယ်တည်းကသိကြပါတယ်
သူရိန်က နည်းနည်းလေးဆိုးတာပါ စိတ်ရင်းတော့ကောင်းရှာပါတယ်"
"သြော်...ဟုတ်ကဲ့" ကျွန်တော်အလိုက်သင့်လေးပြန်ပြောလိုက်သည်။
"မကြီးကလဲ ဘယ်ကနည်းနည်းရမှာလဲ....ကိုကြီးကအရမ်းဆိုးတာ...
ငယ်ငယ်ကတည်းက ရန်ဖြစ်ရင် လက်ယဉ်သလားမမေးနဲ့
သူကချည်းချလာတာ...ရန်ဖြစ်တယ်သာကြားတာ သူကဘာဒဏ်ရာမှမရဘူး
အားကစားတွေလုပ်ရင်း လူကောင်ကလဲအကြီးကြီးဖြစ်နေတာလေ
အဲ့ဒီတော့ရန်ဖြစ်ရင် သူကအသာရတာပေါ့ အခု အကို့ဆီရောက်သွားတာကလဲ
အဖေ့ကိုသစ္စာဖောက်သွားတဲ့လူယုံက သူ့ကိုရန်စလို့ဆိုပြီး လိုက်တာလေ
လူအင်အားနည်းသွားလို့ သူတို့ခံလိုက်ရတာ သူတို့အဖွဲ့တွေအကုန်လုံးက...."
"သန္တာကလဲ...ပေါက်ကရလျှောက်မပြောရဘူးလေ...လန့်သွားဦးမယ်"
"မကြီးကလဲ" ကိုကြီးရဲ့မရီးက ဟန့်လိုက်တော့ ကိုကြီးညီမငြိမ်သွားလေသည်။