Part 4

1.5K 119 0
                                    

ရင်ခွင်နန်းတော်
အပိုင်း(၄)
~~~~~~~~~~~~~~~~~~~

ပြည့်မင်းမြတ်

"ဘယ်လိုလူမှန်းလဲမသိဘူး...လူကိုလန့့််သွားတာပဲ " ပွစိပွစိနှင့်ရေရွတ်ရင်း
မင်းမြတ်တစ်ယောက် နောက်ဖေးဘက်သို့ထွက်လာလိုက်သည်
ဟိုလူအတွက်စားဖို့ပြင်ဆင်ပေးပြီး အလုပ်သွားရဦးမှာဖြစ်သည်
မင်းမြတ် စောစောကပြုတ်ထားသောဆန်ပြုတ်ကို မီးဖိုပေါ်တင်၍ ခဏနွှေးထားလိုက်သည်
သူတို့ရွာလေးကမြို့နှင့်သိပ်မဝေးလို့သာတော်တော့သည် လိုချင်တာအားလုံးကိုဈေးဝယ်ထွက်လို့ရနေသည်
မင်းမြတ်ကိုမြို့ပေါ်ကကျောင်းမှာ အမိုးတို့က ၁၀တန်းအထိပညာသင်ပေးခဲ့သည်
အခု ဒီရွာက မူလတန်းပြကျောင်းလေးမှာ လုပ်အားပေးပြန်လုပ်နေသည်
ဆရာလေးပေါ့... အိမ်မှာ ဆိုင်ကယ်လေးတစ်စီးရှိနေလို့သွားရေးလာရေးလဲအဆင်ပြေလေသည်
အခုဆို အမိုးတို့ဆုံးသွားတာ တစ်နှစ်လောက်ပင်ရှိတော့မည်
အမိုးတို့က မင်းမြတ်ကို မွေးစားခဲ့တာဖြစ်သည်။ အမိုးတို့ကိုပြန်လုပ်ကျွေးပြီးကျေးဇူးဆပ်မည့်အချိန်မှာ
အမိုးတို့ကလောကကြီးမှထွက်ခွာသွားကြလေပြီ။အခုဆိုအိမ်မှာ မင်းမြတ်တစ်ယောက်တည်းအထီးကျန်နေရလေသည်။ ကျောင်းသို့လာတိုင်း
ကျောင်းသားမိဘများက ဆရာလေးဘယ်တော့စားရမလဲဟုနောက်လျှင်အီလည်လည်သာပြုံးပြလိုက်ရသည်
ကိုယ်က မိန်းကလေးတွေကိုမှသဘောမကျပဲလေ
ဆန်ပြုတ်ကိုပန်းကန်လေးထဲထည့်ကာ ထိုလူရှိရာသို့ယူလာလိုက်သည်
အဲဒီလူ နာမည်က သူရိန်ထက်တဲ့ အသက်က၂၆
မင်းမြတ်ထက်အသက်၆နှစ်ကြီးသည် ဒါပေမဲ့ အကိုလို့မခေါ်နိုင်ပါဘူး
သူ့ဒဏ်ရာတွေလဲ ကုပေးရသေးတယ်။ အခုလဲအိမ်ပေါ်တင်ကျွေးထားရဦးမယ်။
တွေးမိရင်းမဲ့ကာ မျက်စောင်းလှမ်းထိုးလိုက်မိသည်
"ချာတိတ်...နောက်ဖေးဝင်သွားရင်းလေဖြတ်သွားတာလား"
"ဘာ..."
"မသိဘူးလေ...မဲ့ရွဲ့နေလို့" ပြောပြီးသူကတစ်ဖက်လှည့်ပြုံးနေသည်
ဟွန့်...ဘယ်လိုလူမှန်းကိုမသိဘူး
"ရော့...ဒီမှာ ခင်ဗျားအတွက်ဆန်ပြုတ်"
"ဆန်ပြုတ်ကြီးမသောက်ချင်ပါဘူးကွာ...လူမမာစာကြီး" ကလေးလိုရှုံ့မဲ့ပြီးပြောတော့
ကျွန်တော်ရယ်ချင်သွားမိသည်
"လူမမာစာဆိုတော့...ခင်ဗျားကအခုအရမ်းကျန်းမာနေလို့လား...ကလေးမဟုတ်
သူငယ်မဟုတ်"
"ကိုယ်မစားချင်လို့မစားချင်ဘူးပြောတာလေ...ကလေးမှပြောရမှာလား"
"တော်ပါပြီ ခင်ဗျားနဲ့စကားနိုင်မလုတော့ဘူး...ကျွန်တော်သွားစရာရှိသေးတယ်"
"အဲဒါဆိုလဲ ခွံ့ကျွေးမှပေါ့ကွ ချာတိတ်ရ...လူမမာကို"
"ချက်ချင်းကြီး လူမမာဖြစ်သွားပြန်ပါလား"
ကျွန်တော်လဲအလုပ်သွားဖို့ရှိတာမို့ သူ့ကိုခွံ့ကျွေးဖို့ပြင်လိုက်သည်
"ရော့...."
သူက စားနေရင်းကျွန်တော့်မျက်နှာကိုပဲကြည့်နေသဖြင့်
မနေတတ်မထိုင်တတ်ဖြစ်လာမိသည်
"ဘာကြည့်တာလဲဗျ"
"မစားချင်တာစားနေရတော့...စားချင်တာကိုကြည့်တာပေါ့ကွ"
"ခင်ဗျားနော်"
သူစနေမှန်းသိပေမဲ့ ဘာကြောင့်စိတ်မဆိုးမိမှန်းမသိ
ငယ်ငယ်တည်းက ယောကျာ်းလေးများစလျှင် မသိစိတ်ကကျေနပ်နေမိခဲ့လေသည်
ဒါပေမဲ့ အခုထိ ချစ်သူတော့မထားဖူးသေးပါ။ ချစ်ရမဲ့သူတွေ့လို့ကတော့...
ကိုယ့်အတွေးနှင့်ကိုယ်ပြုံးမိသေးသည်
"ဒီနေ့စားရမှာလား မနက်ဖြန်မှထပ်စားရမလား"
သူကရွဲ့ပြီးမေးလေသည်
"အဲဒါဆိုလဲ ကိုယ့်ဘာသာစား"
ကျွန်တော်ကပြောပြီး သူ့ရှေ့မှာ ပန်းကန်ချပေးလိုက်သည်
ပြီးတော့မှ ဆေးသေတ္တာလေးဖွင့်ကာ သူ့အတွက် အကိုက်အခဲပျောက်ဆေးထုတ်လိုက်သည်
ကျွန်တော်လဲမကြာခဏ ကိုက်ခဲတတ်သဖြင့်ဝယ်ပြီးဆောင်ထားတာဖြစ်သည်
"စားပြီးရင် ဒါသောက်လိုက်နော်"
သူကလက်ဖြန့်ပြီးယူလေသည် ပြီးတော့ သောက်တော့မလိုလုပ်တော့
ကျွန်တော်သူ့လက်ကိုလှမ်းဆွဲလိုက်သည်
"စားပြီးမှလေ..."
"ပြီးပြီလေ"
"ခင်ဗျား တစ်လုတ်ပဲစားရသေးတယ်လေ"
"ချာတိတ်ကမှမခွံ့တော့တာ..."
တကယ်ကလေးဆန်သည့်လူပဲ....
သူ့လူကောင်ကြီးမှအားမနာ...အင်းလေ အတိတ်မေ့နေရှာသည်ပဲ
သူဘယ်လိုလူလဲဘယ်သိပါ့မလဲလေ...ကလေးလိုဖြစ်နေရှာမှာပေါ့
သနားစိတ်ပိစိလေးဝင်မိကာ...
"ရော့ပါဗျာ...ဟ..."
ကျွန်တော် ပန်းကန်ပြန်ယူပြီး သုံး လေး လုတ်ခန့်ထပ်ကျွေးလိုက်သည်
"တော်ပြီ..."
မဲ့ပြီးပြောနေပုံထောက်တော့ သူတကယ် မကြိုက်တာဖြစ်မည်။
"အဲဒါဆို ခင်ဗျားညနေဘာစားချင်လဲ ကျွန်တော်ဝယ်လာခဲ့မယ်"
"မင်းကညနေမှပြန်လာမှာလား" သူ့မျက်နှာသိပ်မကောင်းပေ...
သူတစ်ယောက်တည်းနေခဲ့ရမှာစိုးလို့ထင်ပါတယ်လေ
"မဟုတ်ဘူးလေ...ကျောင်းက နေ့တစ်ဝက်လောက်ပါပဲ မူလတန်းလေ ပြီးတော့ ဒီကကလေးတွေက
အိမ်ကိုကူရသေးတယ်တနေကုန်အချိန်မရပါဘူး။ ခင်ဗျားစားချင်တာရှိရင်ကျွန်တော်မြို့ပေါ်မှာသွားဝယ်
လာခဲ့ပေးမလို့ပါ"
"ရပါတယ် မင်းစားတဲ့ဟာနဲ့ပဲစားမယ်...အိမ်ကိုမြန်မြန်ပြန်ခဲ့နော်"
ပြောပြီးဆေးသောက်နေသဖြင့် ကျွန်တော်သူ့ကိုရေသွားငှဲ့ပေးလိုက်သည်
သူ့ကို ကျောနောက်မှာ ခေါင်းအုံး နှစ်လုံးဆင့်ပေးလိုက်ပြီး သူမှီလို့ရအောင်လုပ်ပေးလိုက်သည်
ပြီးတော့ အထဲဝင်ကာ အဝတ်အစားလဲလိုက်သည်
ရှပ်အကျီင်္ အဖြူနှင့် ပုဆိုးအစိမ်း ကွက်စိပ်လေးကိုဝတ်လိုက်သည်
ကျွန်တော်ထွက်သွားမလို့လုပ်ပြီးမှ
"ခင်ဗျားပစ္စည်းတွေဒီမှာ မှတ်ပုံတင်လဲပါတယ် ဒီအိတ်ကလေးထဲမှာပိုက်ဆံရှိတယ်
ဘယ်လောက်လဲတော့ကျွန်တော်လဲမသိဘူး"
ကျွန်တော့်စာရေးစားပွဲ အသေးလေးကို သူ့အနားရွှေ့ပေးခဲ့လိုက်သည်
ပစ္စည်းတွေသူယူကြည့်လို့လွယ်အောင်ပါ
"သွားပြီနော်"
ပြောပြီး ထွက်လာခဲ့လိုက်သည်

~~~~~~~~~~~~~~
သူရိန်ထက်

စားပွဲပေါ်က အရာတွေကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း
အိမ်ကိုသတိရမိသွားသည်။ သူ့လူတွေကသူပြုတ်ကျတာကိုတွေ့သွားသည်
အိမ်ကလူတွေစိတ်ပူနေတော့မှာဖြစ်သည်
ဒါပေမဲ့ လူကအခုမလှုပ်နိုင်မသွားနိုင်သေး
နောက်နေ့နေကောင်းမှ ချာတိတ်ကိုမေးမြန်းစပ်စုကြည့်ရမည်

ချာတိတ်ရဲ့ စာကြည့်စားပွဲလေးထင်ပါ့
ဗလာစာအုပ်လေးပေါ်နာမည်ထိုးထားသည်
"Pyay Min Myat" တဲ့
"မင်းနာမည်မပြောပေမဲ့ ကိုသိပါပြီ...ချာတိတ်ရယ်"
သဘောတကျရေရွတ်လိုက်ရင်း ရယ်မိသည်
စားပွဲရဲ့အောက်နားမှာ အံဆွဲလေးတွေ့တာကြောင့်ဖွင့်ကြည့်လိုက်မိသည်
"ဒိုင်ယာရီ စာအုပ်ပါလား....ဒီနေ့တော့မပျင်းရတော့ဘူးပေါ့ ချာတိတ်ရယ်...ဟား..ဟား"
~~~~~~~~~~~~~~~~~~~

ရင်ခွင်နန်းတော်Where stories live. Discover now