ရင်ခွင်နန်းတော် အပိုင်း(၇)
~~~~~~~~~~~~~~~~~~
သူရိန်ထက်
သူ့လှုပ်ရှားမှုလေးတွေရပ်တန့်သွားကာ ခုံမှာမတ်မတ်လေးပြန်ထိုင်သည်။
"ချာတိတ်..."
ကျွန်တော်မဝံ့မရဲခေါ်ကြည့်လိုက်သည်။ အခုချိန်မှာ 'သဘောကျမိလို့နမ်းတာပါ' လို့ပြောလဲ သူယုံနိုင်မှာမဟုတ်ပါ။ စိတ်မြန်လွန်းသောကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိသည်။
မြင်မြင်ချင်းအချစ်ဆိုတာရှိပေမဲ့ သူ့လိုရိုးသားသူလေးအတွက်တော့ ရုတ်တရက်လက်ခံဖို့ခက်နေပေလိမ့်မည်။
ပြောဖို့စကားလုံးများကို ကျွန်တော် ဂရုတစိုက်ရွေးနေမိသည်။
"ကျွန်တော့်အမိုးက ကျွန်တော့်ကို အဲ့ဒီလိုနမ်းနေကျဗျ"
သူ့ဆီက အသံထွက်လာတော့မှ ကျွန်တော်ဝမ်းသာသွားမိသည်။
ဒါဆို သူစိတ်မဆိုးဘူးပေါ့။တော်ပါသေးတယ်။ ချစ်ခရီးက မစရသေးခင်မှာ အဆုံးသတ်သွားမှာမျိုးတော့မလိုချင်ပါ။
ကိုယ့်အတွေးနှင့်ကိုယ်ပျော်နေရင်း သူ့ကိုပြန်ကြည့်မိတော့
"ချာတိတ်...ငိုနေတာလား? ဘာလို့လဲ?..."
ကျွန်တော် အလန့်တကြားမေးကာ သူ့မျက်နှာလေးကိုမော့ယူလိုက်သည်။
သူ့လက်လေးတွေနှင့်ကျွန်တော့်လက်ကို ဖယ်ချကာ
"ကျွန်တော် အမိုးတို့ကို သတိရသွားလို့ပါ...ရပါတယ်...အိမ်ရှေ့ပြန်သွားရအောင်လေ"
သူကပြောရင်းနှင့် ကျွန်တော့်ကိုတွဲပေးသည်။
ဘယ်လောက်ဖြူစင်လိုက်သည့် ချာတိတ်လေးပါလဲ။ စိတ်မဆိုးသည့်အပြင် ကျွန်တော့်အပေါ်စေတနာလဲမပျက်ရှာပါ။ ကျွန်တော် စိတ်ကိုထိန်းမှဖြစ်မည်။
တန်ဖိုးထားပြီးချစ်ရတဲ့ချစ်သူလေးက သူ့ကိုအပျော်ကြံသည်ဟုမထင်စေလိုပါ။
ဟူး...စိတ်မောရပါလား ချာတိတ်ရာ။
~~~~~~~~~~~~~~~~~~~
ပြည့်မင်းမြတ်
ဒီနေ့ကျောင်းပိတ်တာကြောင့် မြို့ပေါ်ကိုသွားဖို့စဉ်းစားထားသည်။ ဦးသူရိန်ထက်လဲအခု
လမ်းလျှောက်နိုင်နေပြီမို့လို့ သူ့အတွက်စိတ်ပူစရာမလိုတော့တာကြောင့် ထမင်း၊ဟင်းချက်ပြီးထားခဲ့ကာ သွားတော့မလို့ဖြစ်သည်။
