ရင်ခွင်နန်းတော် အပိုင်း(၈)
~~~~~~~~~~~~~~
သူရိန်ထက်
"ကိုယ်ရေဆာနေလို့..." အကြောင်းပြချက်ပေးရင်း မလုံမလဲနှင့်ရယ်ပြလိုက်မိသည်။
"အင်း...ပြီးရင်သွားမယ်လေ...ရွာထဲဝင်ဦးမယ်"
သူကပြောကာလှည့်ထွက်သွားတော့ ကျွန်တော်လဲဆိုင်ရှင်ပြန်အမ်းသည့်ငွေကိုယူကာ
လိုက်လာခဲ့သည်။
သူ့ခါးလေးကိုကိုင်ပြီး လေတဖြူးဖြူးနှင့်ဆိုင်ကယ်ပေါ်ထိုင်လိုက်ရသည့်ခံစားမှုကို ဘာနှင့်မျှမလဲနိုင်ပါ
တစ်ခါတစ်လေ ရှေ့တို့ရင်း သူ့ကိုယ်လုံးလေးကိုဖက်ထားလိုက်
သူ့ကိုယ်သင်းနံ့လေးရှူရှိုက်လိုက်နှင့် ကျွန်တော် အူမြူးနေမိသည်။
သူရွာဟုပြောပြောနေသောနေရာကသိပ်တော့မခေါင်ပါ။
အရင်ဆုံးသူက ဘုန်းကြီးကျောင်းနားမှာရပ်လိုက်ကာဝယ်လာသောအထုတ်အပိုးများထဲမှ
အချို့ကိုယူကာဆင်းသွားသည်။
ကျွန်တော်လဲနောက်မှလိုက်လာခဲ့သည်။
"သြော် ဆရာလေးကိုး...လာ..လာ"
ဘုန်းဘုန်းကခေါ်တာမို့ကျွန်တော်တို့နှစ်ယောက်လုံးသွားကာ ကန်တော့ကြသည်။
"ဧည့်သည် ထင်တယ်"
"တင်ပါ့" သူကပဲဖြေလိုက်သည်။
"ဘာအကြောင်းထူးများရှိလို့တုန်း ဆရာလေးရဲ့"
ကျောင်းသားလေးကလဲလာကာ ရေနွေးကြမ်းနှင့် ထန်းလျက်များလာချပေးလေသည်။
"တပည့်တော်ရဲ့မွေးနေ့အထိမ်းအမှတ်ပါဘုရား...လှူဖွယ်လေး တတ်နိုင်သလောက်ပါဘုရား"သူကပြောရင်းနှင့် ဘုန်းဘုန်းကိုပစ္စည်းများကပ်နေလေသည်။
ကျွန်တော်ကတော့ ဘာမှဝင်မပြောပါ။ နှုတ်ဆိတ်နေ၍ဟိုဒီသာလိုက်ကြည့်နေလိုက်သည်။
ထိုစဉ် အသက်ကြီးကြီးလူတစ်ယောက်ဝင်လာကာ
"ဆရာလေးရောက်နေတာကိုး...ခဏလောက်ဗျ" ထိုလူကခေါ်သဖြင့် သူက ထလိုက်ကာ