မောင့်​မူပိုင်​ 1(ZawGyi&Unicode)

10K 290 30
                                    

"မေမေ သား SGU(Seoul General University) မှာတက်ဖို့အမှတ်မှီတယ်"

Kyungsoo ဝမ်းသာအားရဖြင့် သူ့ဖုန်းလေးအား Xiu ရှေ့ ထိုးပြလာသည်။
အောင်စာရင်းထွက်တုန်းကလဲ စိုးရိမ်စိတ်တွေနဲ့ စောင့်ခဲ့ရတာ အခုအမှတ်စာရင်းသိရပြန်တော့လဲ SGU တက်ရဖို့အရေး စိတ်ထိတ်နေရတာ အခုတော့ သူမျှော်လင့်ထားသလို ဖြစ်လာခဲ့ပြီ။

SGU ဆိုသည်က Korea ရဲ့အမြင့်ဆုံး Uni ဖြစ်ပြီး ဘာသာရပ်ပေါင်းစုံကို သင်ကြားနိုင်သော နေရာတစ်ခုဖြစ်သည်။ ထိပ်သီးနိုင်ငံ့ခေါင်းဆောင်တွေ၊ပါရဂူဘွဲ့ရ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ဆရာဆရာမတွေ၊ စသည်ဖြင့် အောင်မြင်နေကြသော သူတွေရဲ့ ကျောင်းထွက်ကိုကြည့်လျှင် SGU မှကျောင်းသားဟောင်းများသာ အများဆုံးဖြစ်ကြသည်။ ဒါကြောင့်လဲ SGU ကိုဝင်နိုင်ဖို့ဆို တော်ရုံတန်ရုံအမှတ်နဲ့တော့မရနိုင်။ ဒီတော့ Korea ရဲ့အထက်တန်းကျောင်းသူကျောင်းသားတွေရဲ့ ဦးတည်ချက်ကလဲ SGU မှာတက်ဖို့ ဦးတည်ကြတာအဆန်းမဟုတ်ပါလား။

နှစ်ပတ်လည်နေ့တွေဆိုလဲ SGU ကျောင်းထွက် ကျောင်းသားကျောင်းသူဟောင်းတွေ စုပေါင်းကာ ကျောင်းကိုလာကြသေးသည်။ အဲ့ဒီအချိန်ဟာ SGU ရဲ့အထူးနေ့တနေ့ဖြစ်သည်ပေါ့။
နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားတဲ့ သူတွေနဲ့တွေ့ရမည်ဆိုတော့ ကျောင်းသူကျောင်းသားများအတွက် တစ်နှစ်တစ်ခါကြုံတောင့်ကြုံခဲ အချိန်ဆိုလဲမမှားဘူး။

ဆိုတော့ Kyungsoo ဒီuni ကိုရွေးရခြင်းဟာ အဲ့ဒီအကြောင်းပြချက်များလဲပါသလို တစ်စုံတစ်ခုကြောင့်လဲ ဖြစ်ခဲ့ပါသေးသည်။

"အို...မေမေ့သားလေးက တော်လိုက်တာ။ ပင်ပန်းသွားရကျိုးနပ်ပြီ"

Xiuကတော့ Kyungsooရဲ့ခေါင်းလေးအား ပွတ်သပ်ရင်း ကြည်နူးနေသည်။

"သားမေမေနဲ့ခွဲရတော့မှာပဲနော်"

တစ်ဦးတည်းသောသားလဲဖစ် ဖတစ်ဆိုးလေးလဲဖြစ်တော့ အလိုလိုက်ခံထားရသမျှက အခုထိကလေးလိုဖြစ်နေတော့တာ အခက်ပဲ။

"မေမေစီစဉ်ပြီးသားပါ သားရယ်"

"ဟင်.... မေမေပါသားနဲ့အဆောင်မှာ လိုက်နေမလို့လား"

မောင့်​မူပိုင် (Completed)Where stories live. Discover now