မောင့်မူပိုင် 9(ZawGyi & Unicode)

2.4K 232 64
                                    


"မောင်..."

မဝံ့မရဲလေး ထွက်လာတဲ့ အသံမှာ chanyeol ကြိတ်ပြုံးနေမိသည်။ ဒီကောင်လေးဟာလေ...ဘယ်လိုချစ်ဖို့ကောင်းနေမှန်းကိုမသိဘူး။

"အင်း ပြော..."

Kyungsoo ရဲ့ပေါင်ပေါ်ခေါင်းအုံးအိပ်ထားရင်း လိုင်းသုံးနေတဲ့ chanyeol က တစ်ချက်မော့
ကြည့်ရင်း မျက်လုံးကဖုန်းကိုသာပြန်ရောက်သွားသည်။ အရင်လိုကျောင်းပိတ်ရက်တွေဆို Sehun တို့ Chen တို့နဲ့တစ်နေကုန်တစ်နေကမ်း အပြင်ထွက်မနေတော့ပဲ kyungsoo ရဲ့အခန်းမှာသာ သောင်တင်နေတတ်သော chanyeol။

ရိုးရိုးသားသား လာနေရင်လဲ ဘာမှမဖြစ်သေးဘူး။ အခုက အခန်းထဲရောက်လာပြီဆိုတာနဲ့ သူ့ပေါင်ကိုခေါင်းအုံးကာ ခန့်မှန်းမရတဲ့နာရီတွေအထိ လိုင်းသုံးလေ့ရှိသည်။ ဘယ်သူ့ဖုန်းနဲ့လဲဆိုတော့လဲ kyungsoo ရဲ့ဖုန်းနဲ့။ အဲ့တော့ ဘာဖုန်းမှမကိုင်ရတော့တဲ့ kyungsoo က သူဖုန်းသုံးတာကို ငုတ်တုတ်ထိုင်စောင့်ရတဲ့အဖြစ်။ အခုလဲ သူ့ဖုန်းကိုမောင်ပိုင်စီးကာ ဘာတွေမွှေနှောက်နေသည်မသိ။ ပေါင်ပေါ်တင်ထားရတဲ့အချိန်က အတော်
ကြာလာပြီမို့ ညောင်းကိုက်လာသည်။

" Soo ပျင်းလာပြီ။နောက်ပြီး ညောင်းလဲညောင်းတယ်။ "

တိုးတိုး တိုးတိုးနဲ့အသံညက်ညက်လေးမှာ သနားမိပေမဲ့ တစ်မျိုးတစ်ဖုံသူ့စိတ်ထဲ ဒါကိုချစ်ဖို့ကောင်းသည်ဟု ယူဆသည်။

"ဘာပျင်းစရာရှိလို့လဲ။ မောင်နဲ့အတူရှိနေရတာ မပျော်ဘူးလား ။ "

ဂျီကျချင်ပြီဆို သူ့ကိုယ်သူ 'မောင်'ဆိုတဲ့ နာမ်စားနဲ့
ခြွေချတတ်သူ ။ ချစ်သူဖြစ်တာ မကြာသေးပေမဲ့ Chanyeol ရဲ့စနစ်တွေကို သူအကုန်သိနေပြီ။

" မောင်နဲ့နေရတာ ပျင်းတာမဟုတ်ပါဘူး။ မောင်က တစ်ယောက်ထဲ ဖုန်းပဲကြည့်နေတော့ soo က ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းကြီး နေနေရမှာလား ?"

" မောင့်ကိုမချစ်ဘူးလား ?"

အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းဆီတွန်းပို့ကာ ကလေးလေးစိတ်ကောက်သလို မော့ကြည့်လာသည့် chanyeol ရဲ့အကြည့်မှာ သူအသက်မဲ့သူလို ဖြစ်သွားရသည်။
ညောင်းနေတဲ့ ခြေထောက်တွေတောင် မရှိတော့သလို သူ့တစ်ကိုယ်လုံး ခံစားမှုမဲ့လို့။

မောင့်​မူပိုင် (Completed)Where stories live. Discover now