မောင့်​မူပိုင်​ 7(ZawGyi & Unicode)

3K 268 104
                                    

ကလပ်​ထဲက ဆူညံ​နေတဲ့ တီးလုံးသံ​တွေနဲ့ ရုတ်​ရုတ်သဲသဲလူ​တွေကြား Kyungsoo ​ခေါင်းမူးလာ​တော့သည်​။ ဘယ်​​နေရာကြည့်​လိုက်​ ကြည့်​လိုက်​ တလက်​လက်​မီး​ရောင်​​တွေနဲ့ ယမကာအနံ့​ပေါင်းစုံတို့က ရစ်​ဆိုင်းထားပြီး မလုံမခြုံဝတ်​ထားတဲ့ ​ကောင်​မ​လေး​တွေက အထာ​ပေးကာ Hyung နဲ့သူ့နား တဝဲလည်​လည်​။

"​အိုပါး....ခဏတွဲကရ​အောင်​​လေ။"

ခပ်​​ချော​​ချော​ကောင်​မ​လေးက Chanyeol ရဲ့ပခုံးကို ပွတ်​သပ်​ကာ သူမနဲ့တွဲကဖို့ ဖိတ်​​ခေါ်လာသည်​။
Kyungsoo ​ဘေးနားက​နေ ဖင်​တကြွကြွနဲ့ စိတ်​မချဖြစ်​ရင်း လိုက်​မကဖို့ Chanyeol ရဲ့ အင်္ကျီစကိုဆွဲထားလိုက်​သည်​။ Chanyeol ပါ သူ့နားက
ထသွားရင်​ တစ်​​ယောက်​ထဲကျန်​ခဲ့ရင်း စိတ်​ညစ်​​နေရ​တော့မှာ။ ဒီလို​နေရာမှာ သူဘာမှမလုပ်​တတ်​။
Sehun နဲ့ Chen က​လဲ ​ကောင်​မ​လေး​တွေကြား
ပြုံးစိစပ်​ဖြဲလုပ်​ကာ အတင်းတိုးကရင်း တစ်​ခါတစ်​ခါ သူတို့ထိုင်​​နေတဲ့ဘက်​ကိုပါ လှမ်း​ခေါ်​နေ​သေးသည်​။

Chanyeol သူ့ကိုတား​နေတဲ့ Kyungsoo ကိုတစ်​ချက်​ပြုံးပြလိုက်​ရင်း ​သောက်​လက်​စ အရက်​ကိုတစ်​ခါထဲ​မော့ချလိုက်​သည်​။ ထို့​နောက်​ ​ကောင်​မ​လေးရဲ့ သူ့ပခုံး​ပေါ်တင်​ထားတဲ့ လက်​ကိုပုတ်​ထုတ်​လိုက်​ရင်း

"Sorry မ​ဟေသီ​လေး။ ကိုယ့်​မှာ တွဲကဖို့လူရှိပြီးသား။ မင်းနဲ့တွဲကလိုက်​ရင်​ သူကငါ့ကိုစိတ်​ဆိုးလိမ့်​မယ်​။"

အဖျားချစကားလုံးကို သူ့အားလှည့်​ကြည့်​ရင်း 
ပြောလာလို့ Kyungsoo တအံ့တသြနဲ့ငြိမ်​သွားရင်း ရင်​ဘတ်​ကအကြီးအကျယ်​ခုန်​​လေ​တော့သည်​။

"ဟွန်း...လူက ဘာမှမဟုတ်​ပဲ ဘလိုင်းကြီးမာန
ကြီး​နေတယ်​။"

မ​ကျေနပ်​ဖြစ်​သွားတဲ့ ​ကောင်​မ​လေးရဲ့စကားကို Chanyeol သ​ဘောတကျရယ်​ရင်း ​ဘေးက သူ့ကိုပြန်​ကြည့်​လာသည်​။ Kyungsoo သူဆွဲထားတဲ့ အင်္ကျီစကို အ​ယောင်​​ယောင်​အမှားမှားနဲ့ လွှတ်​လိုက်​ရင်း ​ဘေးက​ရေခွက်​ကို ကပျာကယာ​သောက်​ချလိုက်​​တော့

"အား~~~အရက်​​...​တွေ"

ပါးစပ်​ထဲမျိုချမလို ​ထွေးထုတ်​မလိုဖြစ်​​နေတဲ့ Kyungsoo ကို သူက​တော့ တဟားဟားရယ်​ရင်း
လက်​ညိုး​လေးနဲ့ သူ့ပါးစပ်​သူထိုးပြပြီး​ ​​ခေါင်းရမ်း
ပြလာ​လေသည်​။ ဆိုတဲ့သ​ဘောက​တော့ မ​ထွေးပြစ်​နဲ့​ပေါ့။

မောင့်​မူပိုင် (Completed)Where stories live. Discover now