ခေါက်ဆွဲထုတ်ကို ကတ်ကြေးနှင့်တောင် မညှပ်ပဲ လက်နဲ့အားပါပါဆွဲဖြဲကာ မဆူသေးတဲ့ရေထဲပြစ်ထည့်လိုက်သည်။ မကြာခင် ရေကဆူလာမှာပဲ။ မီးအားကို ပိုပိုသာသာမြင့်ထားတယ်လေ။အနောက်ကဝင်လာတဲ့ ခြေသံကိုကြားရပေမဲ့ လှည့်မကြည့်ပဲ ဟင်းခပ်အမွှေးအကြိုင်ကိုသာခေါက်ဆွဲအိုးထဲ ခပ်ဆတ်ဆတ်လောင်းထည့်လိုက်သည်။
"ဘေဘီ...."
ပခုံပေါ်မေးတင်ကာ လက်နှစ်ဖက်က ခါးကိုဝိုက်ဖက်လာသည့်မောင်။ သူ ရှေ့ကခေါက်ဆွဲအိုးကို အဖုံးအုပ်ကာ အဲ့ဒီအိုးကိုပဲ တမင်တကာအာရုံစိုက်ထားလိုက်သည်။
"မောင့် မိန်းမကဘာတဲ့လဲ။ ပြန်လာပါတဲ့လား? "
"မောင့်မိန်းမလို့ မပြောစမ်းပါနဲ့။ ဟိုအစ်မလို့ပဲခေါ်။ "
မောင့်လက်တွေက သူ့အင်္ကျီကိုပင့်တင်လာရင်း ဗိုက်သားနေရာမှာ ပွတ်သက်ကာ ပခုံးနားမှာလည်း တရှုံ့ရှုံ့နမ်းနေပြန်သည်။
"မိန်းမကမိန်းမပဲလေ။ ငြင်းလို့မှမရတာ။ မောင်အဆင်မပြေလဲ ပြန်သွားလိုက်ပါလား။ "
ဒီစကားသံက ပြန်ရင်ပြဿနာတက်မည်ဆိုသော အဓိပ္ပါယ်နှင့် တိုက်ရိုက်အချိုးကျသလိုရှိသည်။
"ကျစ်! ဘာကိုအဆင်မပြေရမှာလဲ။ သူနဲ့နေတာထက် ဘေဘီနဲ့ပိုနေချင်လို့ အိမ်ကိုတောင်မပြန်ပါဘူးဆို။ "
"မောင့်ပါးစပ်ကထွက်တော့ မောင့်စကားပေါ့။ "
"အင်းပေါ့။ မောင့်ပါးစပ်ကထွက်တာ ဘယ်လိုလုပ်ဘေဘီ့စကားဖြစ်နိုင်မှာလဲ။ "
ချက်ချင်းရှတတပြောင်းလာတဲ့အသံနဲ့အတူ မောင်က သူ့ချက်တဝိုက်မထိတထိ တို့ဆိတ်ရင်း အောက်အထိဆင်းကာ ဘောင်းဘီထဲလက်တိုးလျှိုလာသည်။
"ရေသွားချိုးတော့။ မောင့်ကိုယ်က ချွေးနံ့တွေထွက်နေပြီ။ "
အနောက်ကနေ ကလိနေတာကို ပြန်လှည့်တွန်းဖယ်လိုက်တော့ ဆူပုတ်ပုတ်ဖြစ်သွားတဲ့ရုပ်နဲ့မောင်က ဂျိုကြည့်ကြည့်လာသည်။
"ဘာလဲ။ မောင့်ကိုမသထီတာလား။ "
"မဟုတ်ပါဘူး။ ရေချိုးပြီးရင်စားကြမယ်လေ။ "
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020