မောင့်မူပိုင် 22(ZawGyi&Unicode)

1.1K 198 104
                                    


"လု တို့များ အိမ်ထောင်ကျပြီးတာတောင် အပျိုလေးလိုဖြစ်နေတုန်း။ ခန္ဓာကိုယ် အချိုးအစားကအစ ငါနဲ့လယ်ဗယ်တူပဲ။ နင် ဘာဆေးတွေစားတာလဲပြော။ ငါလဲ အိမ်ထောင်ကျပြီးရင် နင့်လိုလေး ပုံမပျက်နေရအောင်လို့။ "

အခုထိ အိမ်ထောင်မကျသေးတဲ့ အပျိုကြီးဆွန်းမီရဲ့စကား။

"ဟုတ်ပါ့ဟယ်။ သူ့ကြည့်ရတာ မသိရင် အိမ်ထောင်ရှင်မလို့တောင်မထင်ရက်နိုင်ဘူး။ ဒါနဲ့ လု... နင်တို့ အခုထိကလေးမယူသေးတာ ဘာလို့လဲ။ မဟုတ်မှ နင် အလှပျက်မှာစိုးလို့လား။ "

သူကတော့ အဖွဲ့ထဲမှာ ပထမဆုံးအိမ်ထောင်ကျသွားတဲ့ ဂျီနာ။

"ငါလဲ ဒါပဲမေးချင်နေတာ။ နင့်ယောက်ျားက နင့်ကိုချစ်မဝသေးလို့ ကလေးမယူခိုင်းတာများလား။
အခုချိန်က ကလေးယူမယ်ဆို ယူလို့ရနေပြီလေ။ ဒါပေမဲ့ နင့်ကြည့်ရတာ ကိုယ့်ကိုယ်ကို အိမ်ထောင်ရှင်မလို့ အသိအမှတ်မပြုထားသလိုပဲ။ "

အစပ်စုနိုင်ဆုံး ထယ်ဟီး။ မကြာသေးခင်ကမှ သူမနောက်မှ လက်ထပ်ပြီး အခုကိုယ်ဝန်သုံးလနဲ့။

သူငယ်ချင်းတွေ မတွေ့တာကြာလို့ အပြင်မှာထမင်းစားချိန်းလိုက်ကာမှ သုံးယောက်သား သူမကိုဝိုင်းကြည့်ကာ တအံ့တသြဖြစ်နေသည်။

ပြီးတော့ လုရဲ့ပုံစံက သူငယ်ချင်းတွေကြား သိပ်ကိုဟော့လွန်းနေသလို။ ပြောရရင် သက်လတ်ပိုင်းဖြစ်နေတဲ့ သူမတို့အရွယ်အတွက် ဒီဝတ်စားဆင်ယင်မှုက မတင့်တော်ဘူးလို့ပြောရမယ်။ အပျိုကြီးဖြစ်တဲ့ ဆွန်းမီတောင် ဘောင်းဘီရှည်နဲ့လာခဲ့တာ။

"ငါ့ပုံစံက အဲ့လောက်ထိဖြစ်နေလို့လား။ ဒီအတိုင်း သာမာန်ဝတ်စားရုံပဲလေ။ ကလေးကလဲ ငါရော မောင်ရော မယူချင်သေးလို့။ "

ရေခွက်ကို ဆွဲယူသောက်ရင်း မလုံမလဲမှုတွေကို သူမမျောချကြည့်သည်။ Chanyeol နဲ့အဆင်မပြေတာကို ပေးမသိစေချင်။ ဒါကြောင့်လဲ သူမအဆင်ပြေနေပါတယ်ဆိုတာကို ပါးစပ်ကတမင်တကာ ထုတ်မပြောရအောင် ဒီလိုဝတ်စားလာခဲ့လိုက်တာ။ ပုံစံကြည့်တာနဲ့တင် သာယာတဲ့အိမ်ထောင်ရေး ရထားတယ်ဆိုတာမျိုး သိသာအောင်ပေါ့။

မောင့်​မူပိုင် (Completed)Where stories live. Discover now