မောင့်မူပိုင် 35(Final)

2.7K 185 108
                                    


" ဘေဘီ !!! "

ပြေးဖက်လာသောမောင်က လက်နှစ်ဖက်ဆန့်တန်းရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရင်ခွင်ထဲ အပြည့်သိမ်းဖက်သွားသည်။ မျက်နှာနဲ့ ထိကပ်မိသွားသော မောင့်ရင်ဘတ်နွေးနွေး။ ခပ်သင်းသင်းရေမွှေးနံ့က နှာဖျားဝမှာစွဲငြိလာရင်း မောင့်ကျောပြင်ကျယ်ကိုတော့ ဝမ်းနည်းကြေကွဲမှုများစွာနဲ့ တင်းနေအောင်ဖက်ထားခဲ့သည်။

မောင့်ဆီက မောပန်းနေသလိုအသက်ရှူသံတွေ မနားတမ်းထွက်ပေါ်နေခဲ့သလို သူ့ငို​ကြွေးမှုတွေကလဲ မောင့်ရင်ဘတ်နားဆီ ရွှဲရွှဲစိုတော့မည်။
ပန်းခြံအတွင်းပိုင်းမှ ညလေအေးလေးက ဘေးနားတစ်လျှောက် ဖြတ်တိုက်သွားလေတော့ ပိုတင်းကာဖက်လာတဲ့ လက်မောင်းတွေ။

"မောင်~~~"

တိုးတိမ်လွန်းစွာထွက်ကျမိသောခေါ်ဆိုမှုက တကယ်တော့ တုံ့ပြန်လာစေချင်သော ဆန္ဒမျိုးမပါ။ မျက်ရည်တွေကြား တုန်တုန်ရင်ရင်ဖြစ်နေတဲ့ဒီအသံက မောင့်အတွေးထဲ ဘယ်လိုသက်ရောက်သွားစေလိမ့်မလဲဆိုတာပဲ သူသိချင်မိသည်။

"အသိမပေးပဲ ဘာလို့ထွက်သွားရတာလဲ။ မောင် ဘယ်လောက်စိတ်ပူနေရလဲသိလား။ Sehun တို့ကိုကြည့်ခိုင်းလိုက်ပေမဲ့ ဘေဘီမရှိတော့ဘူးဆိုလို့ လူကရူးချင်စိတ်တောင်ပေါက်သွားတာ။ "

ပေါ်နေတဲ့လည်တိုင်လေးနား မွတ်သိပ်စွာနမ်းသွားရင်း မျက်နှာချင်းဆိုင်ကြည့်လာသည့် မောင့်ကို သူကတော့မျက်ရည်အပြည့်နဲ့ ဘာမပြန်မပြောနိုင်။ တဖွဖွသုတ်ပေးနေတဲ့ မောင့်လက်ဖျားတွေကြားမှာသာ ဖြေဆည်မရဖြစ်နေခဲ့သည်။

"မငိုနဲ့တော့။ ခေါင်းတွေကိုက်လာလိမ့်မယ်။ ဘယ်ကိုသွားလိုက်တာလဲဆိုတာ မောင့်ကိုပြောပါအုံး။ မနေ့ကတစ်ညလုံးလဲ ဖုန်းကပိတ်ထားလို့ မောင်ကတစ်ခုခုဖြစ်နေပြီထင်တာ။ "

"အိမ်ပြန်သွားရုံပါပဲ။ မနေ့က ပင်ပန်းလွန်းလို့ အဲ့ဒီအိမ်မှာမနေချင်တော့လို့ ပြန်သွားခဲ့တာ။
ပြီးတော့...မေမေ့ကိုလဲနှစ်ရက်အတွင်းပြန်လာမယ်လို့ ကတိပေးထားခဲ့တာမို့ပါ။ "

"အိမ်ပြန်သွားတယ် ဟုတ်လား။ ဘေဘီကွာ...မောင်သေချာပြောထားရက်နဲ့။ ဘာလို့အိမ်ပြန်သွားရတာလဲ။ မနေ့က တကယ်ကိုပြန်ထွက်မရတော့လို့ Sehunနဲ့ Chen ကိုလွှတ်ပြီး မောင်ကဘေဘီ့ကိုကြည့်ခိုင်းလိုက်သေးတာ။ အခုကရော  ဘယ်လိုလုပ်ပြီး ဆိုးလ်ကိုလာခဲ့တာလဲ။ အန်တီကကြည်ကြည်ဖြူဖြူနဲ့လွှတ်လိုက်တာလား။ ဒါမှမဟုတ် ခိုးထွက်လာတာလား။ "

မောင့်​မူပိုင် (Completed)Where stories live. Discover now