ချစ်စရာကောင်းအောင်ပြင်ပေးထားသော အခန်းလေးကို ဘယ်နှစ်ခါမြောက်မှန်းမသိ ကြည်နူးမဆုံးဝမ်းသာမဆုံးဖြစ်ရင်း အိပ်ရာပေါ် လူးလိမ့်နေမိသည်။မေမေပြန်သွားတော့ ဘာမှန်းမသိ အားငယ်သလို ဖြစ်နေပေမဲ့ အန်တီကသားအရင်းတစ်ယောက်လို ချစ်ပေးတော့ မေမေတစ်ယောက်အစားထိုးရလိုက်သလိုပါဘဲလေ။
Hyung ကတော့ မပြောချင်တော့ပါဘူး။
"Hyung...Hyung။ ထင်ထားတာနဲ့ လုံးဝကိုတလွဲပဲ။ ရုပ်လေးနဲ့အကျင့်နဲ့တစက်မှကို မလိုက်ဘူး။"
ကိုယ့်စကားနဲ့ကိုယ်ပြုံးလိုက်ရင်း ကျနော်ဝင်ကြည့်နေကျ IG acc ထဝင်ကြည့်နေမိပြန်သည်။
မနှစ်က King ရထားတဲ့ hyung။ အောင်စာရင်းထွက်ပြီးလို့ လိုင်းစသုံးထဲက nf ပေါ်တက်လာတဲ့ hyung ရဲ့ပုံတွေ။
social media တွေ၊ SGU page ကတွေ၊မိန်းခလေးအများစု share ကြတာတွေကနေ hyung ကိုစပြီးသိလာခဲ့တယ်။
Hyung ကိုအားကျမိရာကနေ မသိမသာအရောင်စွန်းလာတဲ့ ကျနော့စိတ်ကို လက်မခံချင်ပေမဲ့ နှလုံးသာက ဇွတ်တိုးနေခဲ့ပြီ။
အဲ့ဒီအချိန်ကစပြီး ကျနော့ Gallery ထဲ hyung ရဲ့ပုံတွေ နေရာယူလာတယ်။
Add မရတဲ့ hyung ရဲ့ acc ကို see first လုပ်ထားခဲ့မိတယ်။ lG မှာ follow back မလုပ်မှန်းသိရက်နဲ့ follow သွားလုပ်ထားတယ်။
နေ့စဉ်နဲ့အမျှ hyung ရဲ့လှုပ်ရှားမှုတွေကို Ph screen ကတစ်ဆင့် စောင့်မျှော်နေမိခဲ့တယ်။
အရင်က SGU မှာတက်ခွင့်ရဖို့ အဲ့ဒီလောက်ထိ
မပြင်းပြခဲ့ပေမဲ့ hyung ကိုသိပြီးထဲက ကျနော်ဟာ SGU ဝင်ခွင့်မမှီခဲ့မှာကို ရင်တထိတ်ထိတ်နဲ့ ဘုရားမှာ ဆုတောင်းရတာအမော။ကံကောင်းတော့ ကျနော်ဟာ SGU မှာတက်ခွင့်ရတယ်တဲ့လေ။ ပိုကံကောင်းတာက Architectural Engineering ပိုင်းတက်တဲ့သူအိမ်မှာ အတူနေရမယ်ဆိုလို့ hyungနဲ့နီးစပ်ဖို့ အခွင့်ရေးများတယ်ဆိုပြီး ပျော်နေခဲ့တာ။
"အား....ကံကောင်းလိုက်တဲ့ငါ။ အဲ့ဒီလူက hyung ပေါ့။"
စိတ်လိုလက်ရ အော်ဟစ်ပြီးမှ kyungsoo ဟာ သူ့ပါးစပ်သူပိတ်ပြီး တစ်ခစ်ခစ်ရယ်မောနေပြန်သည်။
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020