မောင့်မူပိုင် 13(ZawGyi&Unicode)

2.1K 225 98
                                    


" Happy birthday hyung ဒီနှစ်မွေးနေ့ကစ
ပြီး ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေ့ရပါစေ"

ချစ်စရာအပြုံးလေးနဲ့ ကောင်လေးရဲ့ မွေးနေ့ဆုတောင်းစကားမှာ ရုန်းထွက်မရအောင်ဖြစ်နေခဲ့ပြီ။
ဘေးက ဖွားဖွားက အကုန်လုံးကို ရိပ်မိစွာနဲ့ ပြုံး
ပြုံးကြီး သူ့မြေးကိုငေးကြည့်လို့။

မွေးနေ့ကိတ်ဗန်းကို ရှေ့မှာထားကာ မီးမှုတ်ဖို့ပင်မေ့နေခဲ့တဲ့ Kai ကတော့ သူ့ရှေ့က ကောင်လေးကိုသာ ကြည့်မဝဖြစ်နေဆဲပေါ့။

Kyungsoo အဆင်သင့်ပါလာတဲ့ နာရီဘူးလေးကို Kai ရှေ့ထုတ်ပေးလိုက်ရင်း တောင့်တောင့်ကြီးရပ်နေတဲ့ သူ့ကိုမျက်စပြစ်ပြလိုက်တော့မှ ရှက်ကိုးရှက်ကန်းနဲ့ မီးကို ဖူးခနဲမှုတ်ထုတ်လိုက်ရသည်။

" ဟာ....ဘာမှလဲ ဆုမတောင်းလိုက်ဘူးလား hyung ကလဲ။ "

"ဟင် ....ဆု...ဆုလား။ စိတ်ထဲက ဆုတောင်းပြီးပြီလေ။ အမြန်ဆုတောင်းလိုက်တာ "

"မြေးကတော့လုပ်တော့မယ်။ ဒီနေ့မှ ပျာပျာ ပျာပျာနဲ့ ဘာဖြစ်နေရတာလဲ ပြောစမ်းပါအုံး။"

"သား ဘာဖြစ်နေလို့လဲ ဖွားရဲ့"

ဖွားဖွားရဲ့ မသင်္ကာသလို အကြည့်တွေမှာ မလုံမလဲနဲ့ လည်ဂုတ်လေးပွတ်ကာ ဘာဆက်လုပ်ရမယ်မသိနဲ့ Kyungsoo လက်ထဲက နာရီဘူးလေးကို သူ ဆွဲယူလိုက်ရသည်။

"ဒါ hyung အတွက်မို့လား ။ ကျေးဇူးပဲနော်။"

"Hyung ကြိုက်မလားတော့ မသိဘူး။ ကျနော်လဲ ဘာယူရမှန်းမသိတာနဲ့ ။ နောက်ဆုံး နာရီပဲစိတ်ထဲပေါ်လာတာ။ "

"မပူနဲ့ Kyungsoo လေးရေ။ မင်း hyung ကလေ နာရီကိုအဲ့လောက်ထိ မကြိုက်ပေမဲ့ Kyungsoo ပေးတာဆို သေချာပေါက် ကျေနပ်တယ်။ အခုသူ့ရုပ်ကြီးသာ ကြည့်ပေတော့။ ဒီလောက်ထိ ပြုံးဖြီးနေတာ ဖွားဖြင့် မမြင်ဖူးတာကြာပေါ့။"

"ဖွားကလဲ...လက်ဆောင်ပေးတာပဲ။ သားက ဘယ်သူပေးတာဖြစ်ဖြစ် တန်ဖိုးထားပါတယ်နော်။ "

မျက်နှာတွေရဲကာ ဆူပုတ်ပုတ်နဲ့ ရှက်နေတဲ့ Kai ကို kyungsoo ကတော့ တိုးတိုးလေးရယ်နေသည်။ သူမြင်ဖူးခဲ့တဲ့ kai hyung က ဖွားရှေ့မှာမြင်နေရသလို ကလေးဆန်တဲ့ သူမျိုးမဟုတ်ခဲ့ဘူးလေ။ လူကြီးတစ်ယောက်လို သူ့ကိုဆက်ဆံပေးတတ်ပြီး ဂရုစိုက်ပေးတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လိုမျိုး....မောင့်လို သူ့ကိုအပြစ်မြင်တတ်တဲ့ ကလေးဆန်တဲ့သူမျိုးမဟုတ်ဘူး။

မောင့်​မူပိုင် (Completed)Where stories live. Discover now