မောင့်မူပိုင် 12(ZawGyi&Unicode)

2.7K 241 83
                                    


"မေမေ!! "

ကျောင်းကအပြန် အိမ်ထဲဝင်လိုက်ချင်းချင်း တွေ့လိုက်ရတဲ့ Xiu ကို Kyungsoo ၀မ်းသာအားရပြေးဖက်လိုက်သည်။

" အိုက်ဂိုး ...မေမေ့သားလေး "

" လွမ်းနေတာ...မေမေအကြာကြီးနေရမယ်နော်"

ဘေးနားရပ်နေတဲ့ Chanyeol မျက်ခုံးတွန့်သွားရသည်။ ချီးပဲ...အကြာကြီးနေရင် ငါဒုက္ခရောက်မှာပေါ့။

"ဟုတ်ပါပီ။ မေမေလဲ အထည်ဆိုင်ဘက် အခြေနေကြည့်ပြီး နေမှာပါ။"

" အန်တီလဲ ပြောထားပါတယ် kyungsoo ရယ်။
ရောက်တဲ့အခါလေး အေးအေးဆေးဆေးနေသွားပါလို့။ "

Suho ကလဲ သူ့သူငယ်ချင်းရဲ့ လက်ကိုဆွဲပြီး Kyungsoo ကိုပြုံးပြတယ်။ ကြားထဲ မတည်မငြိမ်ဖြစ်နေတဲ့ chanyeol သာ မတ်ရပ်ကြီးရပ်ပြီး လွယ်အိတ်ကြိုးကို ဟိုဆော့ဒီဆော့နှင့်။

" Chanyeol လေး...Kyungsoo နဲ့နေရတာ အဆင်ပြေရဲ့လား။ အန်တီက မင်းတို့နှစ်ယောက်အဆင်မပြေမှာကို တွေးပူနေတာ။"

"ပြေပါတယ် အန်တီ။ ပြေပါတယ်။ ကျနော်တို့နှစ်ယောက် အရမ်းကို အဆင်ပြေပါတယ်။ "

ရိုရိုကျိုးကျိုးနဲ့ ခေါင်းလေးငြိမ့်ပြကာပြန်ဖြေနေတဲ့ chanyeol ကိုကြည့်ပြီး Xiu ကတော့ သူ့သားအတွက် စိတ်အေးသွားပုံပင်။ ကြည့်ရတာ...chanyeol လေးက Kyungsoo ကို ကောင်းကောင်းဆက်ဆံပေးရှာပုံပဲ။

" ပြေလွန်းလို့ ခက်နေတာ Xiu ရေ။ သားကလေ kyungsoo ကိုဂရုစိုက်လွန်းလို့ kyungsoo ခမျာ တစ်ခါတစ်လေ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ hyung ဂရုစိုက်တာကို ခံရတာ။ဟား..."

"ဖြစ်ရမယ် ဒီညီအကိုနှစ်ယောက်နဲ့တော့။ ငါလဲ ထင်ပါတယ်။ Chanyeol ရဲ့ပုံစံက နုနုနယ်နယ်ဆက်ဆံတတ်တဲ့ပုံမဟုတ်ဘူးလေ။ ဒါကို သားလေးက နားလည်ပေးပေါ့။ ဟုတ်ပြီလား။ chanyeol လေးက သားကိုညီလေးတစ်ယောက်လို ချစ်လို့ ဂရုစိုက်ပေးတာပဲကို "

"ဗျာ...သြော်...ဟုတ်...ဟုတ်မေမေ"

မိဘနှစ်ယောက်ရဲ့ ဘုမသိဘမသိစကားဝိုင်းမှာ သူတို့နှစ်ယောက် မနေတတ်မထိုင်တတ်နဲ့ ဖြစ်သွားရသည်။

" မေမေနဲ့အန်တီ...သားအပေါ်တက်တော့မယ်။ ရေချိုးလိုက်ဦးမလို့။ "

မောင့်​မူပိုင် (Completed)Where stories live. Discover now