ဆိုဖာပေါ်ပက်လက်ဖြစ်ထားတဲ့သူ့ကို အပေါ်ကနေအုပ်မိုးကာ အားရှိပါးရှိဖက်တွယ်ထားတဲ့ မောင်က ကလေးလို ငိုနေပါသေး၏။ တကယ်ဆို မိုက်မိုက်မဲမဲ မောင့်ဆီပြန်တိုးဝင်ခိုနားမိတဲ့ မိမိသာလျှင် အရာရာကိုတွေးပူနေရမှာ။ မေမေ့ကိုပေးထားတဲ့ကတိ...မေမေစိတ်ပျက်အောင်မလုပ်တော့ပါဘူးဆိုတဲ့စကားကို လွယ်လွယ်လေး ချိုးဖောက်လိုက်လို့ ကိုယ့်ကိုယ်ကို ယူကျုံးမရနဲ့ ငိုရမှာထင်တယ်။အခုတော့ သူ့စကားတစ်ခွန်းမှာ ဝမ်းသာလုံးဆို့ပြီး ကြည်နူးဝမ်းနည်းဖြစ်သွားပါတယ်ဆိုတဲ့ မောင့်ကို ကျောပွတ်ပေးရင်း သူ့စိုးရိမ်မှုတွေကတော့ ဘယ်နေရာကို ခဏသွားပုန်းနေကြတယ်မသိတော့။
"မောင်...ခဏထအုံး။ ဖုန်းလာနေပြီ။ "
သူ့အပေါ်ဖိထားတဲ့ ခန္ဓာကိုယ်ကြီးကို လက်နဲ့တွန်းဖယ်လိုက်တော့ နီရဲနေတဲ့နှာတံလေးက တရှုံ့ရှုံ့လုပ်ရင်း ဘေးနားမှာပြန်ထိုင်ချသွားသည်။
"ဘယ်သူ့ဖုန်းလဲ။ "
ဖုန်းကိုကြည့်ပြီးချင်းပဲ မျက်နှာပျက်သွားတဲ့သူ့ကို မောင်က မင်္သကာသောမျက်လုံးတွေနဲ့ ကြည့်လာရင်း လက်ထဲကဖုန်းကို ဆွဲယူသွားတယ်။ ဟန့်တားလိုက်ချိန်မရအောင် မြန်ဆန်မှုကြား ဘာမှမပြောလိုက်နိုင်တဲ့သူ့မှာ မောင့်ကိုသာ စိတ်တထင့်ထင့်နဲ့ ကြည့်နေလိုက်ရသည်။
"Kai ? သူနဲ့ကအခုထိဘာလဲ။ "
ခုနကပဲ ကလေးလိုသူ့ရင်ခွင်ထဲငိုနေတဲ့သူက ချက်ချင်းအရွဲ့အစောင်းတွေ ပြောင်းလာပြန်ပြီ။
"မောင်သိပ်သိချင်နေတာ တစ်ခုရှိတယ် သိလား။ ဘေဘီ အဲ့Kai ဆိုတဲ့ကောင်နဲ့ လိုက်သွားပြီး ဘာဖြစ်နေခဲ့ကြတာလဲ။ အခုပြန်လာတော့ Kris ဆိုတဲ့လူက ဘေးနားပါလာပြန်ပြီ။ ထပ်ပြီး.....Kai ကဖုန်းဆက်လာတယ်။ "
တဒူဒူမြည်နေတဲ့ဖုန်းက ကျမသွားသေးပဲ တုန်ခါနေတုန်း။ ဖြေလေဆိုတဲ့ သဘောနဲ့ မောင့်ရဲ့မျက်နှာထားကို စိတ်ရှုပ်ရှုပ်နဲ့ခေါင်းခါရင်း ဖုန်းကိုလှမ်းယူတော့ လက်ကိုတမင်တကာ အပေါ်ကိုမြှောက်ထားလိုက်သေး။
"ဘာလဲ။ မောင်က SooကိုKai hyung နဲ့စွပ်စွဲချင်နေတာလား။ အဲ့တာဆိုလဲ မိန်းမရပြီးနေတဲ့ Kai hyung ကိုသာ ကိုယ်တိုင်သွားစွပ်စွဲလိုက် ဟုတ်ပြီလား။ "
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020