"မင်းကတကယ်ကို အရင်လိုပဲ...မပြောင်းလဲဘူး Kyungsoo "ရင့်သီးစွာထွက်လာတဲ့ မောင့်စကားသံ။ ပုံပျက်ပန်းပျက်ထိုင်ချထားတဲ့သူက မတ်တပ်ရပ်ထားတဲ့ မောင့်ကို ငိုနေရင်းနဲ့ပဲ မော့ကြည့်ထားမိသည်။ မောင်ကတော့ သူ့မျက်နှာသူ စိတ်ရှုပ်ပင်ပန်းစွာနဲ့ မညာမတာပွတ်သပ်ရင်း ကျောပေးကာ ပြတင်းပေါက်နားမှာ သွားရပ်နေသည်။
"မောင့်ကို မယုံကြည်ပေးနိုင်တာက ဘေဘီကိုယ်တိုင်ဖြစ်နေလို့ စိတ်ပျက်ဖို့ကောင်းလွန်းတယ်။ "
"မောင်ကရော ယုံကြည်စရာကောင်းခဲ့လို့လား။ "
"ဟက် ! ယုံကြည်စရာကောင်းခဲ့လို့လား ? ဟုတ်လား ? "
ချက်ချင်းသူ့ရှေ့ရောက်ချလာတဲ့ မောင်က စားပွဲခုံပေါ်ဝင်ထိုင်ကာ မထိတထိပြုံးပြလာတယ်။
"ယုံကြည်တယ် မယုံကြည်ဘူးဆိုတာက ကိုယ့်စိတ်ပေါ်ပဲမူတည်တာပါ။ ဘေဘီမောင့်ကို အကြွင်းမဲ့ယုံကြည်ထားရင် ဘာပဲရှိလာရှိလာ သံသယဆိုတဲ့စိတ်က နည်းနည်းလေးတောင် ဝင်လာစရာအကြောင်းမရှိဘူး။ နားလည်လား ! "
သူ့ပါးစောင်ကိုညစ်ယူလာကာ ဒေါသတွေမပွင့်ထွက်လာဖို့ စိတ်ထိန်းနေတဲ့ မောင့်မျက်နှာက ငြိုပုပ်နေသည်။ပြီးတော့ ပထမဆုံး အသားနာအောင်လုပ်လာတဲ့ မောင့်ဆီက ရက်စက်သောအပြုမူ။
နာကျင်အောင့်ခဲနေသော ခံစားရမှုမှာ မျက်ရည်တွေသာကျနေမိရင်း မရှောင်ဖယ်နိုင်စွာ မရှောင်ဝံ့နိုင်စွာနဲ့ မောင့်လက်ထဲမှာပဲငြိမ်နေမိတဲ့သူ။ မျက်ဝန်းတွေမှာ နာကျည်းရိပ်တွေဝင်ရောက်လာလို့ထင်သည်...မောင်က သူ့လက်သူပြန်ရုတ်သိမ်းကာ တုန်လှုပ်ခြင်းများစွာနဲ့ နောက်ဆုတ်သွားသည်။
"မောင်....မောင်....တောင်း...ပန်ပါတယ်။ "
ဒူးထောက်ထိုင်ချလာတဲ့မောင်က သူ့ပါးပြင်ကိုလဲ မဝံ့မရဲနဲ့လှမ်းထိလာသည်။ ထိုလက်ကို ဖယ်ထုတ်ရင်း တင်းကြပ်စွာကျန်ရစ်ထားခဲ့တဲ့ ပါးကို စမ်းကြည့်မိတော့ ခံတွင်းထဲ ငံကျိကျိအရသာက သူ့ပါးစပ်ထဲစွဲငြိနေသည်။ သွားချင်းဖိကြိတ်ထားမိတဲ့ အတွင်းပါးစောင်က ပေါက်ပြဲသွားခဲ့ဟန်တူသည်။
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020